Uni
" ဟာအို...စိတ်မလှုပ်ရှားနဲ့နော် မောင့်အဖေက သဘောကောင်းပါတယ် ''
" ငါ့လက်တွေအရမ်းအေးနေတယ် မောင် ''
" ဟုတ်ပါရဲ့....''
ဟန်ဘင်းက ဟာအို့ရဲ့လက်တွေကို သူ့လက်နှစ်ဖက်ဆုပ်ကိုင်ကာ ထွေးပွေ့ပြီး အပြုံးချိုချိုလေးပြုံးပြလာတယ်။
မောင့်အဖေက ဟာအို့ကိုတွေ့ချင်တယ်ဆိုတာကြောင့် မောင့်ရဲ့အိမ်ကိုရောက်နေခြင်းဖြစ်သည်။ ဟာအိုနဲ့စတွဲနေပြီဆိုတဲ့အချိန်ထဲကမောင်ဟာ သူ့အဖေကိုပြောပြထားခဲ့တာပါတဲ့။ ဘယ်လောက်ပဲ လက်ခံပေးတယ်ပြောပြော အနည်းငယ်တော့ စိုးရိမ်မိတာအမှန်ပဲ။
နောက်နှစ်ဆိုဟာအို့တို့နှစ်ယောက်လဲ ဘွဲ့ရပြီဆိုတော့ ခုထဲက သေချာတွေ့ထားကြရင်ကောင်းတယ်ဆိုပြီး မောင်ကပြောလာတော့လဲ မငြင်းနိုင်။
တစ်အောင့်နေတော့ ခြံထဲကိုကားတစ်စီးဝင်လာတာတွေ့တယ်။ ဟန်ဘင်းက သူ့အဖေလာတာနဲ့တစ်ခါထဲ မတ်တပ်ထရပ်တော့ ဟာအိုပါ လိုက်ရပ်ရတာပေါ့။ ပြီးနောက် ဧည့်ခန်းထဲသို့ ခြေလှမ်းမှန်မှန်နဲ့ဝင်လာတဲ့ လူကြီးတစ်ယောက်။ မောင့်ရဲ့ချောမောမှုက မောင့်အဖေနဲ့တူလို့ပဲနေမှာ။ ခန့်ညားတည်ကြည်ချောမောမှုတွေကို မောင်ကအမွေရထားတာပဲ။
လုပ်ငန်းရှင်ဆိုတဲ့ဟိတ်ဟန်အပြည့်နဲ့ သြဇာလဲအတော်လေးညောင်းမယ့်ပုံ။ တော်ဝင်စံအိမ်မျိုးရိုးက အကြီးအကဲတွေကိုတောင် ရှိန်ခြင်းပြုခြင်းမရှိခဲ့တဲ့ ဟာအိုက မောင့်အဖေဆိုတဲ့အသိနဲ့တင် အတော်လေးနေရခက်နေပြီ။ ဟာအိုတို့ရှေ့ကဆိုဖာမှာဝင်ထိုင်ရင်း ဟာအို့ကိုလဲ ပြုံးပြလာသည်။ ပြီးနောက်ထိုင်ကြလေဆိုတဲ့သဘောနဲ့ မေးဆတ်ပြတာကြောင့် ဟန်ဘင်းက ဟာအို့လက်ကို ဆုပ်ကိုင်ရင်းနဲ့ပဲ ထိုင်ချလိုက်သည်။
" ကျန်းဟာအိုဆိုတာလား ''
" ဟုတ်ကဲ့ ''
" ငါ့သားက လူရွေးတော်တာပဲ ''
" အဖေ့သားပဲလေ ဒီလောက်တော့ရှိမှာပေါ့ ''
" ဒီကောင်တော့လေ ဟားဟား ''
ဟန်ဘင်းနဲ့ သူ့အဖေရဲ့ရင်းနှီးမှုက အပြုံးတွေမှာတင်သိနိုင်တယ်။ မောင်ပြောဖူးသလို အဖေနဲ့က သူငယ်ချင်းပေါင်း ပေါင်းတယ်ဆိုတာတကယ်ပဲ။ မောင့်ရဲ့ငယ်ဘဝက အကြောင်းတွေကိုပြောပြလာကာ ဟာအို့ကို
ရှိန်မနေအောင် မပျင်းရအောင် အချိန်တွေကိုတန်ဖိုးရှိစွာဖန်တီးပေးတတ်သည်။