trust me ~ 25.

1.2K 112 46
                                    

Uni

" သားသား ဒယ်ဒီတို့နဲ့ တူတူအိပ်မယ် ''

" ဒယ်ဒီတို့နဲ့အိပ်ချင်တာလား သားက ရတာပေါ့ ''

ဟာအိုရေမချိုးခင်ကပဲ သားကိုသိပ်ခဲ့တာ မဟုတ်လား။ ခုမအိပ်ပဲ ပြန်ထွက်လာပြီး သူတို့နဲ့အိပ်မယ်ဆိုကာ ရောက်လာတော့သည်။ သားက ပုံမှန်ဆို သူတို့နှစ်ယောက်နဲ့ အတူအိပ်ဖို့ ခေါ်ရင်တောင်မရတတ်ဘူး။ နူလ်ဘင်းက လူကြီးမို့ တစ်ယောက်တည်း အိပ်ရမယ်လေဆိုပြီး ဘယ်လောက် ခေါ်ခေါ် သူ့အခန်းလေး မှာသာ အိပ်တတ်တယ်။ ခုမှအတူအိပ်မယ်လို့ အထူးအဆန်း ဆိုလာတာဖြစ်သည်။

နူလ်ဘင်းလေးက ကုတင်ပေါ် ကုပ်တက်နေတာကိုကြည့်ပြီး ဟန်ဘင်းမှာ အသဲတွေယားနေရတယ်။ သူတို့နှစ်ယောက် ကုတင်ကနည်း
နည်းမြင့်တော့ သားကမတက်နိုင်ဖြစ်နေတာ။

" ဒယ်ဒီချီပေးရမလား သား ''

" ရတယ် ဒယ်ဒီ သားကိုယ့်ဘာသာ တက်တတ်တယ် ''

ခြေထောက်ပိစိလေးကို ထောက်ပြီး လက်လေးတွေနဲ့ ကုတင်စောင်းကို မရမက ကုပ်ဖက်တတ်တော့ နောက်ဆုံး ကုတင်ပေါ်
ရောက်သွားတော့တယ်။

" အိုက်ရား....''

ဟန်ဘင်းသားကို ချိုင်းကနေမ,ကာ သူ့ဘေးနားခေါ်လိုက်တယ်။ ယက်ကန်ယက်ကန်နဲ့
ဟန်ဘင်းလက်ထဲပါလာတဲ့ သားကို ဟန်ဘင်းဒူးနှစ်ဖက်ပေါ် ခွထိုင်စေပြီး လေယာဉ်ပျံကြီး ပျံနေသလိုပုံစံနဲ့ ကစားပေးတော့ ဒယ်ဒီနောက်တစ်ခေါက် ထပ်ဆော့ပေးဆိုတာပဲ ပြောနေတော့သည်။ ဟန်ဘင်းရောသားရော ကစားရတာမောသွားတော့မှ ငြိမ်ငြိမ်လေး ထိုင်နေလိုက်ကြတော့တယ်။

" သားက ဒီနေ့မှဘာလို့ ဒယ်ဒီတို့နဲ့ အိပ်ချင်တာလဲ ဟင် ''

" သားသားက ညီမလေးနဲ့ အိပ်ချင်တာ ''

ငါးနှစ်ပြည့်တော့မယ့်သားက အရပ်လေး ပိုရှည်လာပြီး စကားလဲ ပိုပီလာတယ်။ စိတ်ခံစားချက်တွေကို အရွယ်နဲ့မလိုက်အောင် ထားခဲ့ရလို့လားမသိဘူး သားက ထင်ထားတာထက် အများကြီး လူကြီးလေးလိုဖြစ်နေ၏။

" ညီမလေးက ပါပါးဗိုက်ထဲမှာပဲရှိသေးတာလေ သားရဲ့ ''

" ပါပါးဗိုက်ထဲက မြန်မြန်ထွက်လာရင် ကောင်းမယ် အ့မှ သားသားနဲ့ ဆော့လို့ရမှာ ''

~ TRUST ME ~Where stories live. Discover now