trust me ~ 9.

1K 113 17
                                    


Uni

ဒီနေ့ပြန်ဖို့စဥ်းစားထားပေမယ့် အဘွားတော်ကနောက်နေ့မှပြန်ဖို့ ပြောလာတာကြောင့် ဟာအိုအကျပ်ရိုက်နေလေသည်။ ကျောင်း
ခွင့်တစ်ပတ်ကလဲပြည့်​နေပြီ၊ အထူးသဖြင့် မောင့်ဆီလဲ အမြန်ပြန်ချင်နေပြီမို့ စိတ်ညစ်လာရသည်။ အခန်းထဲမှာသာ စောင်ကိုခေါင်းအထိခြုံပြီး ကြိတ်မှိတ်အိပ်နေသော်လည်း
အခန်းတံခါးလာခေါက်တဲ့ အသံကြောင့် တံခါးထဖွင့်ရပြန်သည်။

အိမ်တော်ရဲ့ အမျိုးသမီးအလုပ်သမားတစ်ယောက်က အဘွားတော်ခေါ်ခိုင်းလိုက်သည်ဆိုတာကြောင့် စူပုတ်ပုတ်နဲ့ အောက်ထပ်ကိုဆင်းလာရသည်။ ဧည့်ခန်းထဲမှာမြင်လိုက်ရတဲ့ လူတစ်ချို့ကြောင့် ဟာအိုမျက်နှာမှာ စူပုတ်နေခြင်းမှ အံ့သြခြင်း သို့ ပြောင်းလဲသွားရသည်။

အခန်းထဲမှာအိပ်နေတုန်းက ခြံဝင်းထဲကားစက်သံကြားလိုက်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားလိုက်သည်။ ပုံမှန်ဆိုလဲမျိုးရိုးပိုင်လုပ်ငန်းကရှယ်ယာရှင်တစ်ချို့ အဘွားတော်နဲ့လုပ်ငန်းကိစ္စလာရောက်ဆွေးနွေးတတ်သောကြောင့်ပင်။ သို့သော်ရှန်သခင်မကြီး နဲ့ ရှန်ချွမ်ရွေ့တို့ ဖြစ်နေလိမ့်မည်လို့တော့မထင်ခဲ့။

" ကျွန်မမြေးကလေ ကျွန်မစကားတစ်ခွန်းဆို
တစ်ခွန်းပဲ နားထောင်တာဆိုတော့အကုန်အေးဆေးပါပဲ ရှန်သခင်မရယ် ဟင်းဟင်း ''

" ဟောင့်လေးက အဲ့လိုလိမ်မာတဲ့ကလေးမှန်းသိထားပြီးသားပါရှင် ''

" ရှန်သခင်လေးရဲ့ သိတတ်မှုတွေကိုလဲ မျက်မြင်တွေ့ထားဖူးတာကြောင့် ဘာမှကိုငြင်းစရာမရှိဘူး ''

အဘွားတော်နဲ့ရယ်ရယ်မောမောစကားလက်စုံကျ နေကြတယ်။ ဟာအိုလှေကားပေါ်ကဆင်းလာတာကိုမြင်တော့ ရှန်ချွမ်ရွေ့ ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဖြစ်ထွန်းလျက်။ ဟန်ဆောင်ကောင်းတဲ့သူမို့ သူ့အပြုံးရဲ့ နောက်ကွယ်တိုင်းမှာ စိတ်ချမ်းသာစရာ ဘာမှမရှိ။

" ဟောင့်ဟောင့် လာ...အဘွား အနားလာထိုင်ပါအုံး ''

အဘွားတော်ဘေးနားသွားထိုင်တဲ့အထိ သူတို့သားအမိရဲ့ မျက်စိဒေါက်ထောက်ကြည့်နေသလိုခံစားရတာကြောင့် နေရခက်လာသည်။ သူများအိမ်လာပြီး ဘယ်လိုအပြုအမူတွေလုပ်နေကြသလဲမသိဘူး။ ရှန်မျိုးရိုးကဖြစ်ပြီး ယဥ်ကျေးမှုဆိုတာဘာလဲ သိကြသေးရဲ့လား။

~ TRUST ME ~Where stories live. Discover now