Uni' ရှန်ချွမ်ရွေ့ နှင့် ကျန်းဟောင့် တရားဝင်
ကွာရှင်းပြတ်စဲခြင်း 'သတင်းခေါင်းစဥ်ကိုမြင်လိုက်ရတဲ့ ဟန်ဘင်းအတွက် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်ရတယ်။ မျက်လုံးနှစ်ဖက်ကိုပွတ်ပြီး ပြန်ကြည့်တော့လဲ ဒီခေါင်းစဥ်ပဲ။ ဟာအိုနဲ့ ချွမ်ရွေ့က ကွာရှင်းလိုက်ပြီဟုတ်လား။ သူထင်ထားတာထက် စောနေရအောင် ဘာတွေဖြစ်ကြတာလဲ။
သတင်းကို ကိုရီးယားဘာသာပြန်နဲ့ ဖတ်နေတာမို့ မှန်ကန်ပါ့မလားတွေးနေမိပေမယ့် တစ်ချို့သော ကိုရီးယား website တွေကလဲ အလားတူ သတင်းကိုပဲတင်ထားတွေ့ရတယ်။ ပိုသေချာတာက ကွာရှင်းစာချုပ်ကိုပါ ရှန်ချွမ်ရွေ့က ရိုက်ပြီး SNSပေါ်တင်ထားခြင်းဖြစ်သည်။
ထပ်ပြီး သတင်းရဲ့ အောက်ဆုံးကိုသာ ဆက်မဖတ်မိရင် ကောင်းလိမ့်မည်ဟု တွေ့လိုက်မိသည်။
' ကိုယ်ဝန်ခြောက်လ အတွက်ပါ လျော်ကြေးငွေပေးခဲ့ပေမယ့် လက်ခံခြင်းမရှိခဲ့တဲ့ ကျန်းသခင်လေး ' ဆိုတဲ့စာသားက ဖုန်းကိုပါ ရိုက်ခွဲပစ်ဖို့ထိ တွန်းအားဖြစ်စေခဲ့သည်။ နောက်ဆုံးအချိန်ထိ ယုံကြည်ပေးဖို့ကြိုးစားခဲ့တာတောင် ကျန်းဟာအို မင်းမို့ငါ့အပေါ် လုပ်ရက်တယ်။
ခြောက်လဆိုထဲက သူတို့က ဘယ်အချိန်ထဲက ငါ့နောက်ကွယ်မှာ။
" အား.....!!!! "
" အကုန်လုံးက တကယ့်ကို စောက်ရေးမပါတာပဲ...ကျန်းဟာအို! ! မင်းသိပ်ရက်စက်တယ်ကွာ...ငါ့မှာမင်းကိုစောက်ရမ်းချစ်ခဲ့ရတာ မင်းငါ့အပေါ် တစ်လျှောက်လုံး စောက်ရေးမပါတာတွေပဲ လုပ်နေခဲ့တာပဲ အား....!! "
ဒီတစ်ခါကျတဲ့ မျက်ရည်က နာကျည်းမှုကနေဖြစ်တည်လာတယ်။ ငါ့အပေါ်လုပ်ရက်လေခြင်းဆိုတာကြီးကို တွေးမိတိုင်း ဟန်ဘင်း အော့နှလုံးနာရတယ်။ ဟန်ဘင်းရှေ့က
မြင်မြင်သမျှ အရာဝတ္တု အကုန်လုံးက တစစီ
ကျိုးပဲ့လို့။ ဒေါသတွေကို ထိုအရာဝတ္ထုတွေပေါ်မှာ ပုံချနေမိတယ်။စုတ်ပြတ်သတ်နေတဲ့ မှန်ကွဲရာတွေနဲ့ဖုန်းလေးက အဝင်ကောလ်တစ်ခုကြောင့် ရုန်းကန်ကာ
တုန်ခါနေတယ်။ ဒေါသကို ခတ္တခဏ ချိုးနှိမ်ကာ ဖုန်းကိုဆွဲယူလိုက်တော့ စခရင်ကနေ မသဲမကွဲမြင်နေရတဲ့ contact name ကြောင့်
အဖေ့ဆီကမှန်းသိလိုက်သည်။