UniTi~~ Ti~~
ညမီးအိမ်ဘေးနား ကပ်တင်ထားတဲ့ ဖုန်းရဲ့
မြည်သံကြောင့် ဟန်ဘင်း လန့်နိုးသွားရတယ်။ ရုတ်တရက် ခေါင်းထောင်လိုက်တော့
မတ်မတ်ဖြစ်သွားတဲ့ ကျောပြင်က တစ်ညလုံး ထိုင်ရက်ကြီး အိပ်ပျော်နေခဲ့တာကြောင့်
အတော်လေး နာကျင်ကိုက်ခဲ နေခဲ့တယ်။
ညကသူ့လက်တွေကို ဆုပ်ကိုင်လျက် အိပ်ပျော်နေတဲ့ ကလေးကလဲ ခုတော့ ကုတင်ရဲ့ တစ်ဖက်တစ်ချက်ကို ကပ်ကာ အိပ်မော
ကျနေလေသည်။ ဖုန်းသံက အရမ်းကြာနေရင် ထိုကလေးနိုးသွားတော့မှာ။နာရီကိုမော့ကြည့်တော့လဲ ၆နာရီတောင် မထိုးသေး။ ဒီချိန်ဆို တစ်ဖက်ခန်းက ဟာအိုလဲ အိပ်နေဦးမှာ။ ကျောနောက် လက်တစ်ဖက် နဲ့ ထိန်းကိုင်ကာဘယ်ညာ လှည့်
ကြည့်ပြီး နည်းနည်း သက်သာသွားပြီဆိုမှ
ဖြေဆိုသူခလုတ်အား နှိပ်လိုက်သည်။ဖုန်းနံပါတ်စိမ်းတစ်ခု ဖြစ်နေတာကြောင့် အဖေနဲ့ ဒယ်ဂျွန်းတော့ မဟုတ်နိုင်။ လုပ်ငန်းကိစ္စဆိုရင်လဲ ကုမ္ပဏီ ဖုန်းနဲ့ ဒယ်ဂျွန်းဖုန်းဆီကိုသာ လက်လွှဲထားတာကြောင့် တော်ရုံဟန်ဘင်းဆီ နံပါတ်စိမ်းတွေ မဝင်တတ်။ တစ်ချက် တွေခနဲစဥ်းစားပြီးမှ တိုးတိုးလေး အသံ
ပြုမိတယ်။~ ဟယ်လို အမိန့်ရှိပါ... ~
~ ဆောင်းဟန်ဘင်း... ~
အက်ရှရှထွက်လာတဲ့ အသံကရင်းနှီး နေသလိုတော့ရှိတယ်။ ဘယ်သူမှန်းတော့ သေချာမသိသေး။
~ ဘယ်သူပါလဲ...~
~ ကျွန်တော် ချွမ်ရွေ့ ပါ ရှန်ချွမ်ရွေ့ ~
~ ဘာ...! ~
ဟန်ဘင်းရဲ့ ရေစက်ဆိုးဆီက ဖုန်းဖြစ်နေခဲ့တယ်။ စောစောစီးစီး ဟန်ဘင်း အကုသိုလ်
ဝင်တော့မှာပဲ။ ဘာစကားမှ ဆက်မပြောဘဲ
ချပစ်လိုက်တော့ဖို့ ပြင်နေတဲ့အချိန်မှာပဲ~ ဖုန်းကိုမချနဲ့ ... ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာရှိလို့...~
~ မင်းလိုကောင်က ငါနဲ့ဘာဆွေးနွေးစရာ တွေများရှိနေတာလဲ...? ~
သူ့အပိုင်ကို ရအောင်ယူပြသွားဖူးတဲ့ သူနဲ့ ဟန်ဘင်းဟာ ဖုန်းထဲကနေ စကားပြောနေရ
တာတောင် သန, နေသည်။ ဟိုကလေး နိုးသွားမှာစိုးလို့သာ အံကြိတ်လျက် ပြောနေမိတာ ခုတော့ သိပ်စိတ်မရှည်တော့ဘူး။ အခန်းပြင်ထွက်လျက် ဧည့်ခန်းထဲသို့ သွားလိုက်တယ်။ ဒါမှ တစ်ခုခုဆို အားရပါးရ ဆဲလို့ရမှာ။