trust me ~ 2.

1.2K 117 9
                                    


Uni

မနက်၇နာရီထိုးတာနဲ့ ဟာအိုပုံမှန်အတိုင်းအိပ်ယာကနိုးလာတယ်။ ဒီနေ့တော့ဘေးမှာ တစ်ယောက်သူရှိမနေပါ။ မနက်အစောကြီး ကုမ္ပဏီကို သွားပြီထင်ပါရဲ့။ ညကလဲ ယမကာတွေအများကြီးသောက်လာတဲ့အပြင်နောက်ကျမှလဲ အိပ်တာကို အစောကြီးထတော့ ခေါင်းမကြည်ပဲနေတော့မယ်။

မျက်နှာသစ်ရင်းရေပါတစ်ခါထဲချိုးဖို့တွေးပြီး ရေချိုးခန်းထဲဝင်တော့မှန်ကနေမြင်ရတဲ့
ဟာအို့မျက်ခွံလေးတွေက ညကငိုထားတဲ့အရှိန်ကြောင့် ဖောင်းအစ်နေတယ်။ ဒါကမနက်တိုင်းဖြစ်နေကြမို့ အထူးအဆန်းလုပ်မနေတော့ပါ။

အဝတ်အစားလဲပြီးတာနဲ့ ဘေးအခန်းကသားဖြစ်သူကိုသွားကြည့်တော့ သူသဘောကျတဲ့ ခွေးအရုပ်လေးကို ဖက်ကာငြိမ်ငြိမ်လေးအိပ်နေတယ်။ တံခါးကိုအသာပိတ်ခဲ့ပြီး သားစားဖို့နဲ့ သူစားဖို့မနက်စာကိုပြင်လိုက်တယ်။ ကြက်ဥကိုမကျက်တကျက်ကြော်ပြီး အသားပြားတွေကိုဆီပါးပါးပေးပြီးလှိမ့်ကင်လိုက်တယ်။

အကုန်လုံးကို ပန်းကန်ပြားထဲထည့်ပြီး ချယ်ရီခရမ်းချဥ်သီးလေးတွေကို ဘေးကပ်ကာအလှဆင်လျက် နွားနို့တစ်ခွက်ကိုပါပြင်ထားလိုက်တယ်။ ပြင်ဆင်ပြီးလို့ သားကိုသွားနိုးတော့ အင်းအဲနဲ့ အသံသေးသေးလေးတွေပြုလာတယ်။ ချစ်စရာကောင်းလို့ သားပါးဖောင်းဖောင်းလေးတွေကို အိခနဲနေအောင်နမ်းလိုက်တယ်။

လက်ကလေးတွေကိုဆန့်တန်းကာ ချီဖို့ပြောတာကြောင့် ပွေ့ချီပြီး မျက်နှာသစ်သွားတိုက်တာကူပေးတော့ သူလူကြီးဖြစ်နေပြီ လေးနှစ်တောင်ရှိပြီဆိုပြီး လက်ငါးချောင်းကထောင်ပြသေးတာ။ ရေချိုးခန်းထဲကအတင်းတွန်းထုတ်နေတာမို့ ခေါင်းတခါခါနဲ့ဟာအို့ခမျာထွက်လာခဲ့ရသေး။

အဝတ်အစားလဲပေးတော့လဲ သူ့ဖွားဖက်တော်လေးကို အုပ်ပြီးအရှက်သည်းနေတာ တကယ့်ကိုသားက ငဂျစ်လေး။ သူ့အဖေနဲ့တူတာလဲမပြောနဲ့။ သူ့အဖေကလဲ သူစိတ်မလိုရင်အဲ့လိုဂျစ်တိုက်တတ်တာ။ ဟာအို့မှာရည်းစားဘဝထဲက ကလေးထိန်းနေရသလိုဖြစ်ခဲ့ရသေးတာလေ။

ဆောင်းဟန်ဘင်း အဆိုးလေးအကြောင်းကိုတွေးတော့ ဝမ်းနည်းစိတ်ကဝင်လာရပြန်တယ်။ အချိန်တစ်ခုတောင်ငါတို့ရောက်နေကြပြီ သူ့ဆီကယုံကြည်မှု၊ နားလည်မှု နဲ့ ခွင့်လွှတ်မှုတွေကိုမရသေးဘူး။ ဘယ်အချိန်ထိစောင့်ရရ ငါကတော့မင်းအနားမှာနေပြီး မင်းပေးတဲ့ဒဏ်ရာလှလှလေးတွေကို ပြုံးပြီးသည်းခံနေဦးမှာ။ ငါ့ကိုသူကချစ်လို့ နာကျင်စရာဒဏ်ရာတွေပေးတာပါလားလို့ အရူးလိုသတ်မှတ်နေဦးမှာ။

~ TRUST ME ~Where stories live. Discover now