Description

2.5K 81 2
                                    


ရုပ်ရှင်ဧကရာဇ်လင်ချင်းသည် ဝတ္ထုတစ်ခုအတွင်းသို့ ကူးပြောင်းသွားပြီးတဲ့နောက်မှာ သူဟာ အိုဟောင်းနေသော ဆန်ကုန်မြေလေးခွေးသွေးဝတ္ထုတစ်ပုဒ်၏ ဈေးပေါပေါ Shou တစ်ယောက်ဖြစ်ကြောင်း သိရှိလိုက်ရတယ်။သူသည် ဆန်ကုန်မြေလေး gong ယွီချန်နဲ့ အတူတူရှိနေနိုင်ရန်မှာ ယွီချန်နဲ့ နားလည်မှုလွဲလိုက် လမ်းခွဲလိုက်ဖြစ်ပြီးနောက် ကိုယ်ဝန်ရခြင်းနှင့် ကိုယ်ဝန်ပျက်ခြင်း သံသရာစက်ဝန်းကို ကျော်လွှားနိုင်ချိန်မှသာ ဖြစ်သည်။

လင်ချင်းသည် ကွာရှင်းဖို့အတွက် ဆွေးနွေးရတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
သူကတော့ ယွီချန်ကို ကွာရှင်းမှာဘဲ။

ယွီချန်သည် ချမ်းသာလှသော အင်အားကြီးမိသားစုမှ မွေးဖွားလာသူဖြစ်သလို ထက်မြတ်ကာ အရည်အချင်းရှိပြီးထိန်းချုပ်ထားခြင်းငှာ မစွမ်းသာသော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသော ယောက်ျားတစ်ယောက်ဖြစ်သည်။ မရေမတွက်နိုင်သော ယောက်ျား မိန်းမတို့မှာ သူ့ထံတွင် လွယ်လင့်တကူ ကျရှုံးလာခဲ့ကြသည်။ ထိုသူတို့မှာ လက်ထပ်ဖို့ရာ မတောင်းဆိုနိုင်ဘဲ သူတို့ဆီသို့ ယွီချန်၏ အကြည့်တစ်ချက်ရောက်လာဖို့ကိုသာ တောင်းဆိုနိုင်ကြသည်။ သို့သော်လည်း သူသည် ရုပ်ရည်လေးကလွဲလို့ ဘယ်နေရာမှာမှ သုံးစားမရတဲ့ လင်ချင်းကို လက်ထပ်ခဲ့သည်။

"အချစ်စစ်လား?" ယွီချန်ရဲ့ သူငယ်ချင်းတွေက လှောင်ပြောင်လိုက်သည်။

ယွီချန်သည် မနှစ်မြို့စွာနဲ့ " ဒါက ဘယ်လိုဟာသမျိုးလဲ၊ သူ့အသားကိုထိရင် ငါက ခွေးဘဲ "

လင်ချင်းသည် ကောင်းကင်ဘုံသို့ တက်ရသကဲ့သို့ အလွန်ပျော်ရွှင်သွားသည်။

ကောင်းလိုက်လေခြင်း၊ ဒီလိုသာဆို ကွာရှင်းဖို့အတွက် အဆင်ချောပြီ။

နေ့တွေ တစ်ရက်ပြီး တစ်ရက်သာ ကုန်လွန်သွားခဲ့သည်၊ ယွီချန်ကတော့ ကွာရှင်းဖို့အတွက် ဆန္ဒရှိမလာခဲ့ဘူး။

လအနည်းငယ် ကြာပြီးတဲ့နောက်မှာ

လင်ချင်းရိုက်ကူးရေးပြီး အိမ်ပြန်လာသောအခါ သူကြားလိုက်ရသည်မှာ

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now