_68_

368 52 1
                                    

Unicode

လင်ချင်းသည် သူ့ကိုသာကြည့်နေခဲ့ပြီး အခြားတစ်ယောက်က သူ့(လင်ချင်း)ဆီလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုလျှောက်လာသောသူမှာ မိန်းကလေးတစ်ဦးပင်။

သူမသည် Ponytail ပုံစံဆံပင်ကိုမြင့်မြင့်မြှောက်စည်းထားပြီး ရှေ့ဆံမြိတ်အနည်းငယ်ကိုလည်းချထားပြီး အနည်းငယ်လည်း ရှက်တတ်သည့်မိန်းကလေးဖြစ်သဖြင့် အသက် ၂၀ကျော်အရွယ်ပင်ဖြစ်လင့်ကစား သူမသည်ငယ်ရွယ်သည့်ပုံပေါ်သည်။

လင်ချင်း သူမအားသတိထားမိသွားသည်အား တွေ့လိုက်သည့်အခါ သူမသည် မျက်ဝန်းလေးတွေကွေးညွှတ်သွားသည်အထိပြုံးပြလိုက်ရင်း လင်ချင်း၏ဘေး၌ ဝင်ထိုင်လိုက်သည်။

" နိဟောင် " မိန်းကလေးသည် တိုးတိုးလေးပြောလာသည်။

" နိဟောင် " လင်ချင်းပြန်လည်ဖြေကြားလိုက်သည်။

" ရှင်ကလင်ချင်းမဟုတ်လား... ကျွန်မက ချီထန်ဟွား... သူတို့ကတော့ ကျွန်မကိုထန်ထန်လို့ခေါ်တယ် "

" အို့ " လင်ချင်းသည် ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် " နာမည်လေးက လှသားပဲ "

ချီထန်ဟွားသည် ပြုံးလိုက်ပြီး သူတို့နှင့်ခပ်ဝေးဝေးတွင်ရှိနေသည့် လူစုလူဝေးကိုကြည့်လိုက်ပြီး မေးလာသည်။ " သူတို့ကဘာလို့ အဲ့နားမှာစုနေကြတာလဲ... ကျွန်မတို့လည်း သွားကြမလား "

လင်ချင်း : "..........."

လင်ချင်းအတွက် ဤမေးခွန်းက ဖြေရန်ခက်ခဲလှသည်!

အနည်းဆုံးတော့ ချန်ဟုန်မင်က သူ့ကိုအဲ့နားကို မလာစေချင်ဘူးလေ!

" မင်းသူတို့ဆီ သွားလို့ရတယ် " လင်ချင်း ပြောလိုက်ပြီး " ငါတော့မသွားတော့ဘူး... ချန်ဟုန်မင်က ငါ့ကိုလာစေချင်မှာမဟုတ်ဘူး "

ချီထန်ဟွားသည် သူမဒီကိုမလာခင် အရင်ကဖတ်ခဲ့တဲ့အကြောင်းအရာတစ်ခုကို သတိရသွားသည်။ ကြည့်ရတာ လင်ချင်းနဲ့ချန်ဟုန်မင်တို့နှစ်ဦးကြားထဲမှာ မကျေနပ်ချက်တွေရှိတဲ့ပုံပဲ!

သူမသည် ရှက်ရွံ့မှုကိုအနည်းငယ်ခံစားလိုက်ရပြီး ထပ်မံရယ်မောလိုက်သည်။

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now