_69_

458 54 2
                                    


Unicode

ကိန်းဂဏန်းရေတွက်ပြီးအဆုံးတွင် ဒါရိုက်တာက သူ့ရဲ့ဝီစီကိုမှုတ်ပြီးသည့်အချိန်တွင် စည်းကမ်းမဲ့ကြယ်ပွင့်များသည် ၎င်းတို့၏ခရီးဆောင်အိတ်ကို အမြန်ဇစ်ဆွဲပြီး တောင်တက်လမ်းမှာ စုဝေးလိုက်ကြသည်။

ဒါရိုက်တာသည် သူတို့၏ခရီးဆောင်အိတ်များကို ကြည့်သာကြည့်လိုက်ပြီး တစ်ခွန်းမျှတော့ မပြောခဲ့ပေ။ ပြီးနောက် ထွက်ခွာရန်ပြောလိုက်သည်။

၎င်းတို့တစ်အုပ်လုံးသည် ပေါင်းပင်တွေပေါ် နင်းဖြတ်သွားပြီး ရှေ့ကိုချီတက်ခဲ့ကြသည်။

တောင်တက်လမ်းများသည် လမ်းလျှောက်ရန်အတွက်မလွယ်လှပေ။ ခရီးလည်းမတွင်ပေ။ ပေါင်းပင်များကို ဖြတ်သန်းရရုံတင်မကဘဲ ကျောက်တုန်းများကိုပါ ဖြတ်ကျော်သွားရသေးသည်။ ဤကဲ့သို့ ဖုန်ထူသည့်လမ်းမျိုး၌ ခရီးဆောင်အိတ်အားဆွဲရန် မလွယ်ကူပေ။

ထို့ကြောင့် နာရီဝက်အတွင်းတွင်တစ်စုံတစ်ယောက်၏မျက်နှာ၌ စိတ်မရှည်သောအမူအရာတစ်ခု ပေါ်လာသည်။

" ဘယ်လောက်တောင်ကြာဦးမှာလဲ "

"ဘာလို့အခုထိ မရောက်သေးတာလဲ "

" လမ်းလျှောက်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ "

လင်ချင်းသည် သူ၏လက်ကောက်ဝတ်၌ရှိသည့် နာရီအားကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" ၂၅ မိနစ် "

လူတိုင်းသည် သူ့အားကြည့်လာခဲ့ပြီး လက်တစ်ဖက်တွင် ခရီးဆောင်အိတ်ကို ကိုင်ဆွဲကာ ဒေါသထွက်ခြင်း စိတ်တိုခြင်းအလျဉ်းမရှိဘဲ အေးဆေးသက်သာစွာ လျှောက်လှမ်းနေသည့် လင်ချင်းအားတွေ့လိုက်ကြရသည်။

သူက မမောဘူးလား!!

လူတိုင်းအံ့အားသင့်သွားကြသည်!!

တစ်နာရီကြာပြီးနောက် ၎င်းတို့အားလုံးရှာတွေ့သွားသည်မှာ လင်ချင်းသည်အမှန်တကယ်ကို မမောပေ!

" ကျွန်မလှုပ်တောင် မလှုပ်နိုင်တော့ဘူး " တင်းလန်ကျီသည် ငိုယိုရင်းဖြင့် " ဘယ်လောက်တောင်ကြာနေပြီလဲ "

လင်ချင်းသည် နာရီအားကြည့်လိုက်ကာ " ထွက်လာတာ တစ်နာရီနဲ့ ခြောက်မိနစ်ရှိပြီ "

You've reached the end of published parts.

⏰ Last updated: Sep 10, 2024 ⏰

Add this story to your Library to get notified about new parts!

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now