_65_

378 49 0
                                    

Unicode

လင်ချင်းသည် သက်ပြင်းခပ်သာသာချလိုက်ကာ " ခင်ဗျားမှာ ကောင်းမွန်တဲ့ ရွှေပေါင်လုံးတွေရှိလို့... ကျွန်တော့်အနေနဲ့ ခင်ဗျားပေါင်ကို ဖက်နိုင်အောင် ကလေးတစ်ယောက်ရှိသင့်တယ်လို့ ပြောတယ် "

ယွီချန်သည် ထိုစကားလုံးတွေအား ကြားပြီးနောက် ပြတ်ပြတ်သားသားပြုံးလိုက်ပြီး " အဆင်ပြေပါတယ်! "

သူသည် လင်ချင်းအားနမ်းလိုက်ပြီး " ကိုယ်တို့ ဒီနေ့မင်းအိမ်မှာ ရှိနေတာ တကယ်ကံဆိုးတာဘဲ... ပြီးတော့ မနက်ဖြန် ကိုယ်တို့အိမ်ကိုပြန်တဲ့အခါ... မင်းကိုယ်ဝန်မြန်မြန်ရအောင် ကိုယ်တတ်နိုင်သမျှ ကြိုးစားပေးပါ့မယ်! "

လင်ချင်း: ! ! !

လင်ချင်းကတော့ မလိုအပ်ဘူးလို့ ခံစားရတယ်!

ဘယ်လိုဘဲဖြစ်ဖြစ်.. သူက အသက်ရှင်နေပြီဘဲလေ!

" ဒါတွေကို မေ့လိုက်ရအောင်... ဒီနှစ်ရက်အတွင်း အေးဆေးဘဲနေပြီး... ကိုယ့်ကိုယ်ကိုယ်နာကျင်အောင် မလုပ်တော့ဘူး "

" ဒီနှစ်ရက်ကြာပြီးရင် မင်းကိုကိုယ်ဝန်ရသွားစေလိမ့်မယ် "

လင်ချင်း: ......ဒါမှမဟုတ်လည်း ဒီယောက်ျားကို ကွာရှင်းလိုက်ရမလား!!

သူတို့နှစ်ဦးသည် အခန်းထဲမှာဘဲ ခဏကြာအောင် ရင်းနှီးမှုယူလိုက်ကြသည်။ ည ၇နာရီအချိန်သည် လင်မိသားစု၏ တရားဝင်ညစာစားသည့် အချိန်ဖြစ်သည်။ လင်ချင်းနှင့် ယွီချန်သည်လည်း ညစာစားရန် အောက်ထပ်သို့ဆင်းလာခဲ့ကြသည်။

မိသားစုဝင်တွေ စုံစုံလင်လင်နှင့် ညစာစားနိုင်သည့် ညတွေက ရှားပါးလွန်းတာကြောင့် လင်ဖေဖေသည် ဝိုင်နီပုလင်းကို ဖောက်လိုက်ပြီး လူတိုင်းကို ဝိုင်နီငှဲ့ပေးလိုက်သည်။ ဒီလိုညမျိုးကို နှစ်သစ်သည့်ကြိုဆို‌တဲ့အနေနဲ့ ပြုလုပ်သည့်ပါတီပွဲအဖြစ်လည်း သတ်မှတ်နိုင်သည်။

လင်ချင်းသည် အရက်မူးသွားမှာကို ကြောက်နေသည့်အတွက် အရက်ကိုအများကြီး မသောက်ခဲ့ပေ။ အဲ့ဒီ့အစား... လင်ပိုင်ကတော့ တစ်ခွက်ပြီး တစ်ခွက်ကို မနားတမ်းသောက်နေခဲ့သည်။ ပြီးတဲ့နောက် လင်မေမေအား ဝိုင်နီတစ်ခွက် ပေးလိုက်လေသည်။ သူ့ရဲ့မျက်ဝန်းတွေသည် တလက်လက်တောက်ပနေပြီး နောက်စက္ကန့်ပိုင်းအတွင်း ငိုချတော့မည့်ပုံပင်။

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now