_62_

713 94 1
                                    

ဆောင်းရာသီသည် အလွန်ကိုအေး‌နေခဲ့သည်။ ဒီနှစ်တစ်နှစ်သည်လည်း ခပ်မြန်မြန်ပင် ကုန်လွန်သွားခဲ့လေပြီ။

လင်ပိုင်နှင့် စူးထုန်တို့ နှစ်ဦးသည် တရုတ်နှစ်သစ်ကူးကို သူတို့၏မိဘများနှင့် အတူတကွဆင်နွှဲလိုခဲ့ကြသည်။ ဒါ့ကြောင့် နှစ်သစ်မတိုင်မီ သူတို့ပြန်ပြောင်းနိုင်ရန်အတွက်နှစ်ဦးသားတိုင်ပင်ဆွေးနွေးခဲ့ကြလေသည်။

(TN :: ဒီမှာသုံးတဲ့နှစ်သစ်က Christmas ပြီးရင်လာတဲ့နှစ်သစ်ပါ တရုတ်နှစ်သစ်ကတော့ တရုတ်နှစ်သစ်ပါဘဲ )

လင်ချင်းသည် သူ့အားငေးနေသည့် မျက်ဝန်းနှစ်စုံကိုကြည့်လိုက်ပြီး အကူအညီမဲ့စွာ ပြောလာခဲ့လေသည်။
" မင်းတို့ ကိုယ့်အတွက်ကိုယ် ဆုံးဖြတ်နိုင်နေပြီဘဲ... ငါ့ကိုမေးနေစရာမလိုပါဘူး... ဒီကိစ္စမှာ မင်းတို့နှစ်ယောက်ကသာ ဆုံးဖြတ်ရမယ့်လူ‌တွေ... မင်းတို့ ပျော်သလိုသာ ဆုံးဖြတ်လိုက် "

လင်ပိုင်နှင့် စူးထုန်သည် တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်။

" ဒီနှစ်ရက်အတွင်း အိမ်ပြန်ဖို့ အစီအစဉ်မရှိဘူးလားဟင်? " လင်ပိုင်သည် လင်ချင်းအား မေးလာခဲ့သည်။ " အခုတောင်နှစ်သစ်ကိုနီးနေပြီလေ... မိဘ‌တွေကိုကြည့်ဖို့ အိမ်မပြန်တော့ဘူးလား "

လင်ချင်းထံ၌ လင်မိသားစုနှင့် ပတ်သတ်ပြီး ဘာခံစားချက်တစ်စုံတစ်ရာမျှ ရှိမနေပေ။ ပြီးတော့ သူက တကယ့် လင်ချင်းအစစ်လည်း ဟုတ်မနေဘူးလေ။ တကယ်လို့သူသာသွားခဲ့ရင် လင်ဖေဖေနှင့် လင်မေမေသည် သူ့၌ရှိသော ချို့ယွင်းချက်များကို ချက်ချင်းပင် သိသွားနိုင်သည်။ ဒါကြောင့်သူသည် သွားဖို့ရန် ငြင်းဆန်ခဲ့လေသည်။
" ရက်နည်းနည်းလောက်တော့စောင့်ဦး... ဒီရက်‌တွေအတွင်းငါမအားဘူး... အလုပ်တွေရှုပ်နေတယ် "

" ဘာတွေများအဲ့လောက်တောင် အလုပ်ရှုပ်နေတာလဲ? "
လင်ပိုင်းသည် အံ့အားစွာ မေးလာခဲ့လေသည်။

" ဘာလို့အဲ့လောက်တောင် စကားတွေများနေရတာလဲ? လူဘဲ... ကိုယ်ရေးကိုယ်တာကိစ္စတော့ ရှိမှာပေါ့ " စူးထုန်သည် လင်ပိုင်အား ပြန်ပြောလိုက်သည်။

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now