Unicodeမေမေလင်သည် နာရီကိုကြည့်လိုက်သည့်အခါ ၁၂နာရီမထိုးသေးသော်လည်း အချိန်က မစောတော့မှန်းနားလည်သည့်အတွက် ကောင်းကောင်းအနားယူရန် စူးထုန်အား အိပ်ခန်းသို့ ခေါ်သွားလိုက်သည်။
လင်ချင်းသည် သူ၏အိပ်ခန်းသို့သွားနိုင်မည့် အခွင့်အရေးကိုချောင်းနေသော်လည်း မေမေလင်၏တားဆီးချင်းကို ခံလိုက်ရသည်။
လင်ချင်းသည် အံ့သြနေပြီး မေမေလင်သည် သူ့အားစကားပြောနေသည်။ " ငါ့မှာ မင်းကိုပြောစရာရှိတယ် "
လင်ချင်းမှာ လင်မေမေအနောက်သို့လိုက်ရန်မှအပ ရွေးချယ်စရာမရှိပေ။
လင်ချင်းသည် သူ့ရှေ့တွင်ရှိသည့် အမျိုးသမီးကို ကြည့်ပြီး သူ(မ)ဘာပြောချင်နေသည် ဘာကိုပြောနိုင်မည်ဆိုတာကို စဉ်းစား၍မရပေ။ ထို့ကြောင့် သူ(မ)စကားပြောလာမည့်အချိန်ကို ထိုင်၍စောင့်ဆိုင်းရန်သာ။
အချိန်တွေကြာပြီးမှာ လင်မူဘက်မှ စပြောလာသည်။
" ဒီနေ့မင်းဟိုတယ်မှာတုန်းက DNA Test စစ်ဖို့သွားတာကနေရှာဖွေတွေ့ရှိခဲ့တယ် ပြောတယ်နော်... ဘာလို့လဲ... ဘာလို့ DNA Test စစ်ဖို့လုပ်ခဲ့တာလဲ "လင်ချင်းသည် ဖုံးကွယ်ချင်းအလျဉ်းမရှိဘဲ " မားက ကျွန်တော်ကမားရဲ့ သားအရင်းမဟုတ်ဘူးလို့ ထင်ခဲ့တာမလား "
လင်ချင်းပြောလိုက်သည်။ " ကျွန်တော်လည်းထင်ခဲ့တယ်.. ဒါကြောင့်လည်း စစ်ကြည့်ခဲ့တာ "
" ရှောင်ပိုင်က သားအရင်းမဟုတ်ဘူးဆိုတာကို တွေ့ခဲ့တယ်လေ... ဒါကပျော်သင့်တဲ့ကိစ္စမဟုတ်ဘူးလား.. ဘာလို့မပြောခဲ့တာလဲ "
" ဒီကိစ္စကပျော်စရာအကြောင်းမှ မရှိတာ.. " လင်ချင်းသည် ခပ်ပါးပါးပြုံးလိုက်ရင်း " ကျွန်တော်တစ်ချိန်လုံးရေငုံနှုတ်ပိတ်နေခဲ့တာက.. သူတို့နှစ်ယောက်ကိုယ်တိုင်ကို ဒီကိစ္စပြောစေချင်လို့ "
လင်မေမေသည် လင်ချင်းအား အချိန်အကြာကြီး နက်နက်ရှိုင်းရှိုင်းကြည့်နေခဲ့သည်။ " မင်းမှန်တယ်... မင်းကငါ့သားမဟုတ်ဘူးလို့... အရင်ကတကယ်သံသယ ရှိခဲ့တယ် "
" မင်းကငါနဲ့ မတူဘူး " သူ(မ)သည် ပြောလိုက်ကာ " အထူးသဖြင့် လိင်ခံယူချက်ဘဲ "
YOU ARE READING
ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]
RomanceTitle - The Film Emperor Asks For Divorce Every Day [ 影帝每天都想离婚 ] Author -Lin Ang Si [ 林盎司 ] Status -116 Chapters + 8 Extras Handsome and Heartwarming Gong x Smart and Shameless Shou Fluffy type with Romcom and M-preg tags Full credit to original au...