_3_

562 41 1
                                    

ယွီချန်သူ့ခါးတွင် ချိတ်တွယ်ထားသော လက်မောင်းတစ်စုံအားဖယ်လိုက်ကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ့ဘာသာ ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။

လင်ချင်းသူ့အားကြည့်ပြီး လက်အားလှမ်းထိလိုက်ကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

ယွီချန် ခေါင်းမော့ကြည့်လိုက်ပြီး စိတ်မဝင်စားစွာပြောလိုက်သည်။
" ထိုင်နေ "

လင်ချင်းပြုံးလိုက်မိသည်။ သူ့၏လှပသော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတစ်စုံသည်တော့ အရက်မူးနေ၍ ရီဝေဝေဖြစ်နေသည်။သူ့ဘေးရှိဝိုင်ခွက်အားယူကာ ယွီချန်ဘေးတွင်ချလိုက်ပြီး ယွီချန်ဝိုင်ခွက်ထဲရှိ ဝိုင်တစ်‌ဝက်လောက်ကို သူ့ခွက်ထဲ ပြောင်းထည့်လိုက်သည်။

" ကျွန်တော် ခင်ဗျားနဲ့သောက်ပေးမယ် " လင်ချင်း နူးညံ့စွာပြောရင် အနားကပ်သွားလိုက်သည်။

ယွီချန်အခုတစ်မျိုး တော်ကြာတစ်မျိုးပြောနေသူအား စိုက်ကြည့်ပေးလိုက်သည်။ သူနားလည်း မလည်နိုင်တော့ဘူး။ သူလင်ချင်းကို သိရှိနားလည်တယ်လို့ တွေးမိဘူးသည်။ သူ့ကို သဘောကျနေသည့် ဒီတစ်ကိုယ်ကောင်းဆန်ကာ အားနည်းလှသော ငနဲလေးကိုပေါ့။

ယွီချန် လင်ချင်းအား အရင်က သိပ်မတွေ့ဘူးပါဘဲ လင်ပိုင်၏ကောင်းမှုကြောင့်သာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းဘဲ လက်ထပ်ပြီး သုံးရက်အကြာတွင် သူ လင်ချင်းအား ‌နားမလည်သေးမှန်းသိလိုက်ရသည်။

သူက အကြွေးသန်းပေါင်းများစွာတင်ထားသလို ပန်းနုသွေးမနေတော့ဘူး။

လင်ပိုင်နဲ့ ပတ်သတ်ပြီးတော့လည်း ပြဿနာရှာ‌တာတွေ စကားစတာတွေလည်း မရှိတော့ဘူး။

သူက ကွာတောင်ကွာရှင်းချင်နေသေးတာ။ ဘားကိုသွားပြီး အပျော်တောင်ရှာလိုက်သေးတယ်။

ဒီကြာပန်းနက်လေးက နေကြာပန်းလေးအဖြစ်ပြောင်းသွားပြီး လေအဝေ့မှာ လူးလွင့်နေပြီထင်တယ်။ သူ့တစ်ကိုယ်လုံးကလည်း ပြန်လည်တောက်ပလာသလိုပင်။

ယွီချန်လည်း နားမလည်နိုင်တော့တာကြောင့် ဤအပြုအမူတွေအား လင်ချင်း၏ အတန်းရှင်းရှာတဲ့ နည်းလမ်းအသစ်ဟုသာ မှတ်ယူထားလိုက်တော့သည်။

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now