_61_

1.6K 126 2
                                    

ယွီချန်သည် လင်ချင်း၏ အမေးကို တစ်လုံးတစ်ပါဒမျှ ပြန်မဖြေဘဲ သူ့ရဲ့ခေါင်းကို မော့လိုက်ပြီး လင်ချင်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်။

လင်ချင်းသည် ယွီချန်၏ အနမ်းလိုချင်တာမှ မဟုတ်ဘဲ။ လင်ချင်းလိုချင်တာက ယွီချန်နှုတ်က ထွက်လာမဲ့ အဖြေစကားပင်။

" ခင်‌ဗျား ကျွန်တော့်ကို သဘောကျလား? " လင်ချင်း တူညီတဲ့မေးခွန်းကိုဘဲ ဆက်မေးနေခဲ့သည်။

" မင်းရော ကိုယ့်ကို သဘောကျရဲ့လား? " ယွီချန်သည် လင်ချင်းကို ပြန်မေးလိုက်သည်။

လင်ချင်းပြောလိုက်သည်။
" ခင်ဗျားကျွန်တော့်ကို အရင်ပြော...ခင်ဗျားအရင်ပြော ခင်ဗျားကျွန်တော့်ကို သဘောကျလား? "

ယွီချန် လင်ချင်းကို အဖြေပြန်မပေးခဲ့ပေ။

လင်ချင်း၏ စိတ်အတွင်းထဲ၌ ရုတ်တရက်ပင် မသက်မသာခံစားလိုက်ရသည်။

လင်ချင်းသည် သူ့နှလုံးသား၏ စေရာအတိုင်းပင် ထပ်တူညီတဲ့ မေးခွန်းကို ထပ်မေးလိုက်သည်။
" ရှောင်ယွီ....ခင်ဗျားပြော ခင်ဗျားကျွန်တော့်ကို သဘောကျရဲ့လား? "

ယွီချန်သည် လင်ချင်းရဲ့ လက်လေးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ " ရှူး..."

ယွီချန်သည် လင်ချင်းကို နမ်းပြီးရင်း နမ်းနေသည်။
" အခုက ဉာဉ့်နက်နေပြီ "

အဲ့ဒီအချိန်ခဏလေးအတွင်းမှာပင် လင်ချင်းရဲ့ စိတ်တွေသည် သူ့ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ပေ။

လင်ချင်းသည် ယွီချန်ရဲ့ ရင်ဘတ်ပေါ်တွင် ခေါင်းလေးကို မှီထားလိုက်သည်။ လင်ချင်းသည် သူ့ရဲ့ နှလုံးခုန်သံကို ငြိမ်သက်အောင်ပြုလုပ်ရန်အတွက် သူ့ရဲ့ လက်လေးကို မြှောက်လိုက်သည်။ သို့သော်လည်း သူ့ရဲ့ လက်သည် ယွီချန်၏ လက်အတွင်းကျရောက်နေသည် ဖြစ်၍ သူ့နှလုံးခုန်သံကို မခံစားနိုင်တော့ပေ။

လင်ချင်း၏ တည်ငြိမ်မှုတွေနဲ့ ယုံကြည်ချက်တွေသည် ဒီတစ်ခဏအတွင်းတွင် တိတ်ဆိတ်မှု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

" ရှောင်ယွီ....ခင်ဗျားကျွန်တော့်ကို ချစ်ရင် ချစ်တယ်လို့ပြောပါ....ကျွန်တော့်ကို အရမ်းချစ်တယ်လို့ပြော....ခင်ဗျားရဲ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းပြော...အခုလိုမျိုးမနေပါနဲ့....ကျွန်တော်မကြိုက်ဘူး "

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now