_1_

1.3K 55 1
                                    


လင်ချင်းသည် သူဟာ ကူးပြောင်းလာပြီဖြစ်ကြောင်းကို ရှာ‌တွေ့ခဲ့သည်။

ဒါက ပြဿနာမရှိပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ၂၁ ရာစုက အမျိုးသားတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ကူးပြောင်းတယ်ဆိုတဲ့ အကြောင်းကို မသိဘဲနေပါ့မလဲ?

နောက်တော့ သူဟာ ဝတ္ထုတစ်ခုထဲကို ကူးပြောင်းလာတယ်ဆိုတာကို ထပ်မံရှာတွေ့ခဲ့ပြန်သည်။ ဝတ္ထုထဲကို ကူးပြောင်းတယ်ဆိုရင်တောင်မှ သူ့အတွက် အဆင်ပြေပါသေးသည်။ ဝတ္ထုထဲကို ကူးပြောင်းတာနဲ့ အချိန်ခရီးသွားတာတွေက မကြာသေးခင်နှစ်တွေအတွင်းမှာ အလွန်ကိုကျော်ကြားလာခဲ့တာလေ။ ပြီးတော့လည်း ဒီလိုကြုံရတာကသူက ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်း ဟုတ်မနေခဲ့ဘူး။

ဒီလိုအကြောင်းအရာကို ရှာတွေ့ခဲ့တာဝောာင် လင်ချင်းဟာ တည်ငြိမ်နေဆဲပါဘဲ။ သို့သော် မကြာခင်အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်မှုတွေက ဆက်လက်မတည်မြဲနိုင်တော့ဘူး။ အဘယ့်ကြောင့်ဆိုသော် ဤဝတ္ထုသည် သူဖတ်နေကျ ပုံမှန်အမျိုးအစားမျိုး မဟုတ်ဘဲ မတူညီသော ဇာတ်လမ်းအမျိုးအစားပင် ဖြစ်သည်။

ဆန်ကုန်မြေလေးခွေးသွေးဝတ္ထုတွေက အတွေ့များတယ်ဆိုပေမယ့်လည်း အမျိုးသားကိုယ်ဝန်ဆောင်တဲ့ ဆန်ကုန်မြေလေးခွေးသွေးဝတ္ထုတွေက သိပ်မှမတွေ့ရဘဲလေ! ပြီးတော့ ဝတ္ထုထဲက သူကူးပြောင်းလာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က တကယ့်ကိုသဘာဝရဲ့ ခွေးသားစစ်စစ်တစ်ယောက်ဖြစ်နေသည်တဲ့လေ!

လင်ချင်းက သူ့ဝမ်းဗိုက်အောက်ပိုင်းကို ကြည့်လိုက်သည်။ ဒါလေးက ဒီခန္ဓာကိုယ်ရဲ့ ထင်ရှားတဲ့ လက္ခဏာလေးတော့ မဟုတ်ပါဘူးနော်?

မဟုတ်ဘူး! သူ့မှာဒီလိုခန္ဓာကိုယ်မျိုးရှိနေရင်တောင်မှ gong ဖြစ်လို့ရသေးတယ်လေ! သူက Shou ဖြစ်စရာ‌အကြောင်းတစ်စက်မှကို မရှိဘူး!!

သို့ပေမယ့်လည်း ဇာတ်ကွက်သည် အစီအစဉ်ချထားပြီးသားဖြစ်သောကြောင့် လင်ချင်းသည် သူအကြောက်ဆုံးအရာကို ရှာဖွေတွေ့ရှိခဲ့သည်...... အဲ့ဒီအရာက ဒီခန္ဓာကိုယ်ရဲ့ ထင်ရှားတဲ့လက္ခဏာဘဲ။ သူကူးပြောင်းလာတဲ့ ခန္ဓာကိုယ်သည် ဧကန်စင်စစ်ကို အပေါစားအဆန်ဆုံး တစ်ခုဘဲ!!!
သူ gong မဖြစ်နိုင်တော့ဘူးဘဲ!!!!

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now