_63_

1K 119 8
                                    


အခုသူတို့နေနေတဲ့ အခန်းက အရင်အခန်းနဲ့ အတူတူပါဘဲ၊ ဒါပေမဲ့လည်း အချိန်ကာလတွေက အရမ်းကို ကြာညောင်းသွားပြီဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်နေသဘောထားတွေလည်း ကွဲပြား‌သွားနေပြီဖြစ်သည်။

လင်ချင်းအခုထိ မှတ်မိနေပါသေးသည်။ ညအိပ်ခါနီးတိုင်း စည်းတားထားပြီး ယွီချန်အား ထိုစည်းကို ဖြတ်မလာရန် သတိပေးခဲ့သည်အား မှတ်မိနေပါသေးသည်။ ဒါပေမဲ့လည်း ညရောက်လာရင် သူကိုယ်တိုင်ပင် သတိမထားမိဘဲ ယွီချန့်၏ လက်မောင်းတွေအတွင်း လှိမ့်ဝင်သွားခဲ့လေသည်။

ယွီချန်ကိုယ်တိုင်သည်လည်း စိတ်နေသဘောထားကောင်းတဲ့သူတစ်ဦးဖြစ်သည့်အတွက် လင်ချင်းအားမည်သည့်အခါမျှ မတွန်းထုတ်ခဲ့ဘဲ၊ သူ့လက်မောင်းတွေအတွင်းထည့်၍ ပြန်ဖက်ထားလေသည်။

လင်ချင်းသည် သူ့၏ခေါင်းထဲ ထိုအတွေးတွေ ဝင်ရောက်လာသည့်အတွက် မရယ်ဘဲနဲ့ မနေနိုင်ခဲ့ပေ။

" ရယ်လိုက်တာလား? " ယွီချန်မေးလာခဲ့လေသည်။

" ပျော်စရာကောင်းတဲ့ အတွေးလေးတွေခေါင်းထဲရောက်လာလို့ပါ " လင်ချင်းပြန်လည်ဖြေကြားခဲ့လေသည်။

" ကိုယ့်မိန်းမလေးမှာ ကလေးလေးတွေ ရှိနေတာလား?! " ယွီချန်ပြန်မေးလာခဲ့သည်။

လင်ချင်းသည် ကုတင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ကာ ယွီချန့်အားမျက်နှာမူလိုက်ပြီး " ခင်ဗျားရဲ့ မိန်းမမှာ ကလေးတစ်ယောက်ဘဲ ရှိခဲ့တာပါ "

ယွီချန်သည် လင်ချင်း၏ခြေထောက်အားကိုင်လိုက်ပြီး ပြုံးလျက်ပြောလာခဲ့လေသည်။
" ကောင်းပြီ... ဒါဆိုရင်တော့ ကလေးမွေးထားတဲ့လူက ကိုယ့်မိန်းမ မဖြစ်နိုင်ဘူးလေ! "

လင်ချင်း "............"

လင်ချင်းသည် မတ်တပ်ရပ်လိုက်ပြီး ယွီချန့်အား ထုရိုက်လာခဲ့လေသည်။ ယွီချန်သည် လင်ချင်း၏လက်အား ဖမ်းလိုက်ပြီး သူ့အားဖက်လိုက်ကာ နမ်းလိုက်လေသည်။

နမ်းပြီးသွားတဲ့နောက်မှာတော့ လင်းချင်းအားထပ်ပြီး မေးလာခဲ့သည်။ " မင်းမွေးတာလား?! "

လင်ချင်းသည် ယွီချန့်အား ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး " မမွေးဘူး!! "

ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ် [Translation]Where stories live. Discover now