အပိုင်း(1)
မျက်ဝန်းလေးပြူးကာ နှုတ်ခမ်းလေးအား
ထော်၍ ဆူပုတ်ပုတ်လေးကြည့်နေသော
ကလေးလေးမှာ အသည်းယားဖွယ်
ကောင်းနေတော့သည်။''ခစ်...ခစ် ဒါ သခင်မလေး အချစ်လားဟင်..."
''ဟုတ်တယ် အရမ်းချစ်ဖို့ကောင်းတယ်
မဟုတ်လား...''''ဟုတ်ဝတုတ်တုတ်လေးနဲ့
ချစ်စရာလေး...''မိန်းကလေးနှစ်ဦး ဓာတ်ပုံမှန်ဘောင်
တွေအား ကြက်တောင်ဖြင့်သန့်ရှင်းရေး
လုပ်နေပြီး ထိုဓာတ်ပုံများထဲမှ
ဒီအိမ်ကြီးရဲ့ အသဲအသက်ဖြစ်သော
အချစ်ကမ္ဘာဆိုသော အချစ်လေးရဲ့
ပုံလေးအား ကြည့်က သဘောကျကာ
ရယ်လိုက်ကြသည်။''အမလေး ချစ်ဖို့ကောင်းတာတောင်
မဟုတ်ဘူး စကားလဲအရမ်းတက်
သူဌေးရဲ့ အချစ်ဆုံးလေး..."''ဟုတ်လား ဒါပင်မဲ့ မိချိုလာထည်းက
သခင်မလေးကိုမတွေ့ဘူးနော်...''''မိုးကုတ်က သူ့အဘွားတွေနဲ့သွားနေနေတာ
ကျောင်းပိတ်လို့လေ နင်ကရောက်တာ
တစ်ပတ်ပဲရှိသေးတော့ ဘယ်သိမလဲ
သခင်မလေးက အရမ်းချစ်ဖို့ကောင်းသလို
အစွာလေးဟ မတရားတာဆို ရန်တွေ့ဖက်
ကိုက်ဖို့ဝန်မလေးဘူး..."''အယ် ကိုက်တယ်...''
''ဟုတ်တယ် ကိုက်တယ် ဒါပင်မဲ့
အရမ်းချစ်ဖို့ကောင်းတာ ဒီနှစ်မှ
ဆယ်တန်းဖြေထားတာ နောက်တစ်ပတ်
အောင်စာရင်းထွက်တော့မယ်ဆိုတော့
ပြန်လာတော့မယ်ပြောတယ်..."''ဒါဆို အားလူံးပြောနေကြတဲ့ ချစ်ဖို့
ကောင်းတဲ့ သခင်မလေးကို မိချ်ိုတို့
မြင်ရတော့မှာပေါ့နောိ..."''ဒါပေါ့.နင်လဲ သခင်မလေးကို မြင်ရင်
ချစ်မှာ အသဲယားသရာလေးအသားလေးက
ဖွေးဥပြီးမထိရက်ပါဘူးဟယ် သူဌေးနဲ့
သူဌေးကတော်က ပိုးလေးလိုအုထားကြတာ..."''အင်း သူဌေးနဲ့သူဌေးကတော်က
ချောတော့ သခင်မလေးချစ်ဖို့ကောင်းတာ
မစမ်းပါဘူး ဒါနဲ့ဒီချောချောတစ်ယောက်ကရော...."ထိုအချိန် တည်ကြည်ခန့်ညားနေသော
အသက် နှစ်ဆယ်ကျော်အရွယ်
ချောမောသောယောကျာ်းလေးအား
ကြည့်ကာမေးလိုက်သည်။

ESTÁS LEYENDO
အနမ်းပင်လယ်(ပထမပိုင်း)(completed )
Romanceအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)