Part2

229 11 0
                                    

" ဝမ်ရိပေါ်ရေ ဝမ်ရိပေါ်"

နောက်မှ တစ်ဆာဆာနဲ့ အော်နေသော မုရန်၏ ခေါ်သံကို ဝမ်ရိပေါ်မကြားပါ။သူ အတွေးထဲ နှစ်မွန်းနေလေ​၏။

မုရန်တစ်ယောက် ခေါ်နေတာ အခါခါရှိနေပြီဝမ်ရိပေါ် ဆီမှ ပြန်သံမကြားရ၍ ဝမ်ရိပေါ် ထိုင်နေသော ခုံတန်းဆီ အပြေးလွှား ပြေးလာကာ နောက်ကျောကို ရိုက်ချလိုက်သည်။

ထိုအခါမှ ဝမ်ရိပေါ် ကပြန်လှည့်ကြည့်သည်။

"ဘာလဲ မုရန်"

"ဘာကိုဘာရမှာတုန်း ငါခေါ်နေတာ ကြာလှပြီ ငါ့အသံကျယ်ကြီးကိုမကြားနိုင်ရအောင် မင်းဘာတွေများတွေးနေတာလဲကွာ"

ပြောပြောဆိုဆိုနဲ့ ဝမ်ရိပေါ်ဘေးကို ဝင်ထိုင်လိုက်သော
မုရန်။ ဝမ်ရိပေါ်က မျက်မှောင်ကြုတ်လိုက်မိပြီးပြန်ဖြေလိုက်သည်။

"ဘာကိုတွေးရမှာလဲ ဒီနေ့ရောက်လာနဲ့ ဆရာသစ်အကြောင်းပေါ့"

မုရန်ကပြုံးကာနေ၏ ထိုအချိန် မလှမ်းမကမ်းမှာ လျှောက်လာတဲ့ လိချန်ဟာ လည်း ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။

"လိချန် မင်းရော ဆရာကိုစိတ်မဝင်စားဘူးလား"

မုရန်ရဲ့ ပြောင်စက်စက် မျက်နှာနဲ့လိချန်ကိုမေးလာလျှင် လိချန်က

"ဘာကို လဲ ဆရာက စာသင်အပြတော့ကောင်းတယ်ကွ....အသံထွက်ကိုကမိုက်နေရောပဲ"

သူတော်ကောင်း လိချန်ကို မေးလိုက်ရင်တော့ ဒီလိုပြန်ဖြေမယ်ဆိုတာကို မုရန်ကော ဝမ်ရိပေါ်ကောသိပြီးသား။

မုရန်ကပဲဆက်ကာ
"အေးပါကွာ ငါတောင်ပြောစရာရှိတာမေ့တော့ မလို့ ငါ့
အဘိုးဆီကို ခုဏက ဖုန်းဆက်ပြီးမေးထားတာ ဆရာအကြောင်းလေးနည်းနည်းပါးပါး""

မုရန်​ပြောတော့ ဝမ်ရိပေါ်အရမ်းစိတ်ဝင်စားသွားတယ် လိချန်ကတော့ ရေသောက်နေရင်း နားထောင်နေတယ်။

"ဆရာက မိသားစုကောင်းကလာတာတဲ့ သူ့တို့ မျိုးရိုးက လူတွေက ဥာဏ်အရမ်းကောင်းပြီး စာပေအနုပညာမှာထိပ်တန်းဖြစ်တဲ့  ရှောင်းမိသားစုကတဲ့ကွ"

ဝမ်ရိပေါ် နဲ့လိချန် နှစ်ယောက်လုံး မုရန်ပြောတာကိုဂရုတစိုက်နားထောင်နေ​ကြသည်။

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now