မျက်ရည်များနဲ့အချစ် (part19)
ရှောင်းကျန့် ဝမ်အိမ်တော်ကနေ ထွက်လာတော့ တိုက်ခန်းကိုပဲ ပြန်ဖို့ စဥ်းစားမိသည်။ နောက်မှ တိုက်ခန်းကို ပြန်နေရင် ဝမ်ရိပေါ်လိုက်လာနိုင်သည်။ ရှောင်းကျန့် ဝမ်ရိပေါ် နဲ့ မတွေ့ချင်သေးပါ။
အဲ့ဒါကြောင့်တိတ်ဆိတ်တဲ့ ရပ်ကွတ်လေးတစ်ခုမှာ တိုက်ခန်းငယ်လေး တစ်ခုကို ဝယ်လိုက်မိသည် ။
"တကယ် ကျဥ်းတာပဲ...တော်ပါသေးတယ်"
ရှောင်းကျန့် သေချာ တိုက်ခန်းကျယ်ကို မဝယ်ပဲ တိုက်ခန်းကျဥ်းလေးကို ရှာဝယ်ခဲ့သည် ။တိုက်ခန်းကျဥ်းကျဥ်းလေးမှာ တစ်ယောက်အိပ်ကုတင် အသေးလေးရယ်စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံလေးတစ်ခုံသာ ရှိသည်။ ဘေးကအခန်းငယ်ကို ဖွင့်ကြည့်လိုက်တော့ ရေချိုးခန်းငယ်လေးရှိသည်။
"ကောင်းတယ်..ကျဥ်းလေကောင်းလေးပဲ"
တိုက်ခန်းကျယ်ကြီးမှာမနေချင်ပါ။ အထီးကျန်လွန်းသည်မို့။
ရှောင်းကျန့် တိုက်ခန်းရဲ့ ထောင့်ကျဥ်းလေးမှာ ထိုင်ချလိုက်သည်။ ကြာလာတော့ ထောင့်လေးတစ်နေရာမှာထိုင်လိုက်ရတာက စိတ်သက်သာစေသည် ။
ဝမ်ရိပေါ် အမေရိက မှာရောက်နေတုန်း
ဝမ်ရိပေါ်နဲ့ဖုန်းပြောရင်း ရန်ဖြစ်ရတိုင်း
အခန်းထောင့်မှာ ထိုင်ငိုခဲ့ရတာ အကြိမ်ပေါင်းများစွာပင်။ စိတ်ပင်ပန်းလာတိုင်းအထီးကျန်လာပြီဆိုတိုင်း ရှောင်းကျန့် အတွက် အကျင့်တစ်ခုလို ဖြစ်နေပြီ အခန်းထောင့်မှာ ငြိမ်ငြိမ်လေးပဲ ထိုင်နေမိသည်။(ရိပေါ် ဒါက ငါတို့ရဲ့ အဆုံးသတ်လား...မင်းသူ့ကို ချစ်လား)
ရှောင်းကျန့် ရင်နာသည်။ နာကျင်သည်။ နှလုံးသားက သေလောက်အောင် နာကျင်သည်။ ဒါပေမယ့် အရင်လို မျက်ရည်မကျတော့ပေ ခံစားချက်တွေမဲ့နေခဲ့ပြီ။
"မျက်ရည်တွေ ခမ်းသွားပြီထင်တယ်...ရိပေါ်...ဒါက ငါနောက်ဆုံးပြောတာပဲ....ငါမင်းကိုချစ်တယ်...ရိပေါ်"
ရှောင်းကျန့် ရင်နာစွာ ပြောမိလိုက်သည့်စကား နောက်ထပ် ဘယ်တော့မှ ထပ်ပြောတော့မည်မဟုတ်ပါ။ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မပြောတော့ဘူး ချစ်တယ်ဟူ၍ထပ်မပြောတော့ဘူး။ ရှောင်းကျန့် ရဲ့ နှလုံးသားဟာ သေဆုံးသွားလေပြီ။
YOU ARE READING
မျက်ရည်များနဲ့အချစ်(Complete)
Fanfictionဒီတစ်ခါလည်း YiZhan fan fic လေးပါရှင့် ။အရင်ရေးထားတာလေးကိုပြန်တင်ပေးတာပါနော်။ ဆရာ ရှောင်းကျန့်နဲ့ အထက်တန်းကျောင်းသား ဂျစ်ကန်ကန်လူဆိုးလေး ဝမ်ရိပေါ်တို့ ဘယ်လိုစတွေ့ပြီး ဘယ်လိုတွေရင်ခုန်သံအစပျိုးလာမလဲ သိချင်ရင်ဖတ်ကြည့်ပါရှင့်။နည်းနည်းခါးမယ်နော်😗