"လာ ငါမင်းကို တွဲပေးမယ်"
ကားပေါ်ကနေ ဝမ်ရိပေါ် ဆင်းဖို့ ရှောင်းကျန့် ကူတွဲပေးလိုက်သည်။
"ကျေးဇူးပါ ကော ကျွန်တော်ကို ဂရုစိုက်ပေးလို့"
ဝမ်ရိပေါ်ကို အခန်းပြန်နားဖို့ ရှောင်းကျန့် တလမ်းလုံးတွဲလာပေးခဲ့ရသည်။ အခန်းရောက်တော့လည်း အိပ်ရာ ထဲထိ ကူပို့ပေးရပြန်သည်။
ဒါမဲ့ ရှောင်းကျန့် ဝမ်ရိပေါ် အခန်းကို ရောက်တော့ သေချာကြည့်လိုက်သည်။ အခန်းက အလွတ်ကြီးလိုပဲ ကုန်ကုန်ပြောရရင် လူနေနေတဲ့ အခန်းနဲ့ ကို မတူပါ ခုံတွေ Tv တွေ အစုံရှိနေပေမယ့် အသက်မဲ့နေတဲ့အခန်းလိုပင်။ ရှောင်းကျန့် လည်း သူတစ်ယောက်တည်းနေနေတာဆိုပေမယ့် ဝမ်ရိပေါ် အခန်းလိုတော့ အသက်မဲ့နေတာမျိုးမဟုတ်ပါ။
"ဝမ်ရိပေါ် မင်း ဒီမှာ နားနေ ပြီးတော့ မင်းဒီလို ဖြစ်တာ ငါ့အမှား ငါလွန်သွားတယ် ငါတောင်းပန်ပါတယ်"
"မဟုတ်ဘူး ကျန့်ကော"
ရှောင်းကျန့် စကားကို ရိပေါ်က ဖြတ်ပြောတော့ ရှောင်းကျန့်က ဟန့်တား၏။
"ရပ် ငါပြောနေတယ် ငါမှားတာ ငါတောင်းပန်တယ် ပြီးတော့ ငါ့ကို ကာပြောပေးလို့ ကျေးဇူးပဲဆရာကြောင့်
တပည့် ဒဏ်ရာ ရတယ်ဆိုတဲ့ သတင်းသာ ပေါက်ကြားသွားရင် ငါ့အတွက်တကယ်မကောင်းဘူး"ရှောင်းကျန့် ပြောတာကို ဝမ်ရိပေါ် နားလည် ပြီးသားပါ အဲ့ဒါကြောင့်မို့လို့လည်း အားလုံးကို ချောလဲလို့ ဒဏ်ရာ ရတာဆိုပြီးပြောထားခဲ့တာလေ ဝမ်ရိပေါ် ရှောင်းကျန့်ကို သူများတွေအပြစ်မြင် ရှုပ်ချမှာမျိုး မလိုလားပါ။
ရှောင်းကျန့် လူကသာ အေးစက်စက်နဲ့ နေတာ ဘယ်သူကိုမှ လည်းထိခိုက်အောင်မလုပ်ဖူးဘူး။ လိမ်တောင်မပြောဖူးဘူး။ အခုတော့ သူလက်လွန်သွားတာကြောင့် ဝမ်ရိပေါ် ဒီလို ခိုက်မိသွားတော့ တကယ် အပြစ်မကင်းသလို ခံစားနေရတာပါ ပြီးတော့ ဝမ်ရိပေါ်ကို ထိခိုက်စေချင်တဲ့ စိတ်နည်းနည်းမှမရှိခဲ့ဘူး သသူ့စိတ်ရှုပ်လို့သာ ဒီလို ဆက်ဆံခဲ့တာ။
"ဝမ်ရိပေါ် ဒီမှာ မင်းတစ်ယောက်တည်းနေတာမလား"
"ဟုတ်ကဲ့"
YOU ARE READING
မျက်ရည်များနဲ့အချစ်(Complete)
Fanfictionဒီတစ်ခါလည်း YiZhan fan fic လေးပါရှင့် ။အရင်ရေးထားတာလေးကိုပြန်တင်ပေးတာပါနော်။ ဆရာ ရှောင်းကျန့်နဲ့ အထက်တန်းကျောင်းသား ဂျစ်ကန်ကန်လူဆိုးလေး ဝမ်ရိပေါ်တို့ ဘယ်လိုစတွေ့ပြီး ဘယ်လိုတွေရင်ခုန်သံအစပျိုးလာမလဲ သိချင်ရင်ဖတ်ကြည့်ပါရှင့်။နည်းနည်းခါးမယ်နော်😗