Part8

115 8 0
                                    

ကျောင်းသွားတဲ့တစ်လမ်းလုံး နောက်မှာတောက်လျှောက်ပါလာပေမယ့် ဒီကလေး တကယ်ကို စကားလာမပြောတာပါလားလို့ ရှောင်းကျန့် စဥ်းစားနေမိသည်။

(လာမပြောတော့လဲ ကောင်းတာပဲနားအေးတယ် ငါလည်းစိတ်မရှုပ်ရတော့ဘူး........ ဒါပေမယ့်လည်း.သူငါ့ကို စကားလာမပြောတော့လဲတစ်မျိုးပဲ)

အခုချိန် ရှောင်းကျန့် လက်ကို ဆွဲပီး အမျိုးမျိုး တောင်းပန်ခွင့်လွှတ်ဖို့ပြောချင်ပေမယ့်လည်း မဝံရဲသော ရိပေါ် နောက်ကနေသာ ချစ်ရသူကို ငေးကြည့်နေမိရုံ။

နေရထိုင်ရခက်၏ အရင်ကလည်း ဒီလိုတစ်ခါမှမဖြစ်ဘူးဘူး ရှောင်းကျန့် နဲ့ကျမှ ဘာလို့ဒီလိုတွေဖြစ်နေရတာလည်းဆိုတာ ရိပေါ် ကိုယ်တိုင်တောင် နားမလည်ချင်။

(ဘာပဲ ဖြစ်ဖြစ် ကျန့်ကော ကို ကျွန်တော်အပိုင်ဖြစ်အောင် အမြန်လုပ်ရမယ် ဘယ်လိုနည်းလမ်းနဲ့မဆို ကျန့်ကောကိုသာ ပိုင်ဆိုင်ရရင် ကျေနပ်တယ်)

နဂိုတည်းကလိုချင်တာ ဖြစ်ချင်တာမျိုးဆို နည်းလမ်းမရွေးလုပ်ရဲတဲ့တဇွတ်ထိုးဆန်တဲ့ရိပေါ် ဒီလိုအတွေးတွေရှိနေတာသာ ရှောင်းကျန့် သိလို့ကတော့ ထွက်ပြေးမယ်ဆိုတာ အသိသာကြီး။

''ကျန့်ကော~"

(စကားလာမပြောတော့ဘူး ထင်နေတာ နောက်ဆုံးတော့လည်း)

သက်သက် မကြားချင်ယောင်ဆောင်ကာ ကျောင်းထဲဝင်ဖို့ ခြေလှမ်းပြင်လိုက်သည့်ရှောင်းကျန့်။

-"ဆရာရှောင်း..."

(ငါ့ကို ဆရာလို့ခေါ်တာပဲငါ့စကားနားထောင်သားပဲ ဝမ်ရိပေါ် ဒါပေမယ့် ငါအခုထိ မင်းနဲ့စကားမပြောချင်သေးဘူး)

ဒီလောက်ခေါ်နေတာတောင် လျစ်လျူရှ ကာမကြားချင်ယောင်ဆောင်နေတဲ့သူကို ရိပေါ်အပြစ်မမြင်ဒါမဲ့လည်း ပြောစရာရှိတဲ့စကားကိုတော့ သေချာပေါက် ပြောရမှ ဖြစ်မှာမို့ ရိပေါ် ခြေလှမ်းတွေကိုနှုန်းတင်ကာ ရှောင်းကျန့် ရဲ့ရှေ့ကနေ ပိတ်ရပ်လိုက်နေ၏။

"ဝမ်ရိပေါ် မင်း...ဖယ်စမ်း"

"ဆရာရှောင်း ကျွန်တော်နဲ့စကား ခဏလောက်ပြောရအောင်"

မျက်ရည်များနဲ့အချစ်(Complete)Donde viven las historias. Descúbrelo ahora