part12

159 9 0
                                    

ရှောင်းကျန့် ဝမ်ရိပေါ်  သူ့ကိုဘယ်ကိုခေါ်သွားမှန်းလဲမသိရ။ ရိပေါ်ရဲ့ ကားနဲ့ပဲလိုက်လာခဲ့တော့သည်။ အမှန်ဆို ဒီနေ့က ရှောင်းကျန့်  အိမ်ပြန်ပြီးနားချင်မိသည်။ စိတ်ဒဏ်ရာကိုရော ခန္ဓာကိုယ်ကလည်း နာကျင်နေသေးသလို ပင်ပန်းနေပေမယ့် ရိပေါ်က ခေါ်လာတော့ မငြင်းပဲလိုက်လာခဲ့မိသည်။

ကားပေါ် မှာထိုင်နေရာတာက
ရှောင်းကျန့် အတွက် အကြီးဆုံး စိတ်ဒုက္ခပါပဲ။ ခေါင်းတွေလည်း နောက်လာသလို စိတ်ထဲမှာလည်း တင်းကြပ်လာသည်။ အသက်ရှူရတာတောင် ပင်ပန်းခက်ခဲလာသလိုမျိုး။

ဝမ်ရိပေါ် သူ့ဘေးမှာထိုင်ကာ စကားမပြောပဲ ငြိမ်သက်နေသူကိုကြည့်မိသည်။မျက်နှာလေးက နွမ်းကာ နှုတ်ခမ်းတွေပါဖြူနေသလို

"ကျန့်ကော အဆင်ပြေရဲ့လား ကောရဲ့မျက်နှာက အရမ်း"

"ဘာမှမဖြစ်ပါဘူး ​ဒီတိုင်းခေါင်းနည်းနည်းမူးနေတာ"

ရှောင်းကျန့် ဝမ်ရိပေါ် စိုးရိမ်သွားမှားစိုးလို့ သူဘယ်လိုခံစားနေရလဲဆိုတာကို အမှန်တိုင်းမပြောပါ။

"ကျန့်ကော တကယ်အဆင်ပြေရဲ့လား...နေမကောင်းဖြစ်နေတာလား"

ဝမ်ရိပေါ် ရှောင်းကျန့် ရဲ့နဖူးပေါ်ကို လက်တင်ကာစိုးရိမ်စွာ အပူချိန်တိုင်းကြည့်မိသည်။

ရှောင်းကျန့် ရိပေါ်ရဲ့လက်ကို အသာဖယ်ကာ

"ဘာမှမဖြစ်ဘူး ဒီတိုင်း..ဒီတိုင်း ကားမစီးတာကြာလို့ကားမူးတာဖြစ်မှာပါ...ရိပေါ် ဘယ်သွားမှာလဲ မရောက်သေးဘူးလား"

"ခဏလေး ရောက်တော့မှာ ကျန့်ကော အရမ်းခေါင်းမူး နေရင် ကျွန်တော်ပုခုံး ပေါ်မှီနေလိုက်နော်"

"အင်း"

ရှောင်းကျန့် ရိပေါ် ပြောသလိုပဲ ရိပေါ် ပုခုံးပေါ်ကို ခေါင်းမှီ၍ ခဏမှေးထားလိုက်သည်။ ပင်ပန်းနေတာကို ဖုံးကွယ်ဖို့မျက်လုံးတွေပိတ်ထားလိုက်သည်။

ရိပေါ် က ရှောင်းကျန့် မပြောပြပေမယ့် တစ်ခုခုရှိနေတယ်ဆိုတာကို ရိပ်မိသည်။ရှောင်းကျန့်နဲ့ ကားအတူစီးတိုင်း ရှောင်းကျန့် အမြဲဒီလိုဖြစ်တတ်သည်။ ကားပေါ်မှာနေရတာ အရမ်းကိုခက်ခဲပင်ပန်းနေသလိုမျိုး။

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now