Part13

109 6 0
                                    

ဝမ်ရိပေါ်နဲ့ မုရန် လိချန်ဆီကို တလှည့်စီ ဖုန်းဆက်နေပေမယ့် ဖုန်းကပိတ်ထားလျက်ပဲ ဒါနဲ့ပဲ နှစ်ယောက်လုံး ကျောင်းဆင်းမှ အိမ်ကိုသွားကြည့်ဖို့ကို ဆုံးဖြတ်လိုက်တော့သည်။

"ကျောင်းသားတွေ နားထောင်ကြပါ"

ရှောင်းကျန့် ဒီနေ့ Aခန်းကို အတန်းချိန်ပါလာတာမို့ အတန်းချိန်ဝင်လာတာနဲ့ ရိပေါ်နဲ့ မုရန်ကို လှမ်းကြည့်လိုက်တော့ နှစ်ယောက်လုံးက မျက်နှာ မကောင်းတာကို တွေ့လိုက်ရတယ်

(တကယ်ပဲ လိချန်က သူ့သူငယ်ချင်းနှစ်ယောက်ကိုလည်း ပြောထားပုံမရဘူး)

"ကျောင်းသားတို့ သဘက်ခါကျရင် စာမေးပွဲရလဒ်တွေ ထွက်လာပါလိမ့်မယ်နော် ဒီအမှတ်တွေကအရေးကြီးပါတယ် နော် ဒါက မင်းတို့ တက်ချင်တဲ့ တက္ကသိုလ်ကို သွားနိုင်အောင် ထောက်ပံပေးမယ့်အမှတ်တွေ နောက်စာမေးပွဲတွေကလည်း ပိုပြီးအရေးကြီးလာတာမို့ အားလုံးပဲ ဂရုစိုက်ကြပါ'"

ကျောင်းသားများ"ဟုတ်ကဲ့ ပါ ဆရာ"

ရှောင်းကျန့် ပြောပြီးတာနဲ့ ရိပေါ်နဲ့ မုရန်နားကို သွားကာ

''ရိပေါ် မုရန် ဆရာနဲ့ စကားပြောရအောင် အပြင်ထွက်ခဲ့"

ရှောင်းကျန့် ပြောကာအရင်ထွက်သွားသည် ။မုရန်လည်း မှေးမှေးမှိန်မှိန်နဲ့သာလိုက်ပါသွားခဲ့သည်။ ရိပေါ်ကတော့ အနည်းငယ် ဒေါသထွက်နေမိသည်။ ဘာမှပြောဆိုထားခြင်းမရှိတဲ့ လိချန် ကြောင့် ဒေါသထွက်မိသည်။ သူငယ်ချင်းအရင်းကြီးက

"မုရန်နဲ့ ရိပေါ် ငါ့အထင် လိချန်က မင်းတို့ကို ဘာမှ မပြောသွားဘူး ထင်တယ် သူ့ကို ဖုန်းဆက်ကြည့်ပါလား"

မုရန် ခေါင်းခါလိုက်ကာ

"သူမကိုင်ဘူးဆရာ ဖုန်းကလည်း ပိတ်ထားသေးတယ် တောက်လျှောက်ခေါ်ကြည့်နေတာ"

မုရန် အသံက ဝမ်းနည်းနေမှန်း သိသာစေသည်။

"ကျောက်လိချန် တကယ်ပဲ ဘာဖြစ်ချင်နေရတာလဲ တောက်!"

ရိပေါ် ဒေါသထွက်ကာ တောက်ပါခေါက်မိတဲ့အထိ

"ရိပေါ် သူ့မှာလဲ အကြောင်းတစ်ခုခုရှိလို့နေမှာပါ"

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now