Part3

183 11 0
                                    

အိပ်ရာပေါ်မှာ ပင်ပင်ပန်းပန်း  အိပ်ပျော်နေခဲ့တဲ့
ရှောင်းကျန့် အိပ်ပျော်တာလိုလို မပျော်တာလိုလိုနဲ့ တညလုံးပင်ပန်းနေခဲ့သည်။ အိမ်မက်ဆိုးတွေမက်လိုက် နိုးလာလိုက်ပြန်အိပ်ပျော်သွားလိုက်နဲ့ ကောင်းကောင်းအိပ်ခဲ့ရတယ်လို့မထင်မိပါ။

မျက်လုံးတွေကို အားတင်းပြီးဖွင့်လိုက်သည်။ ဘာပဲဖြစ် ဖြစ် ကျောင်းမှာပင်ပန်းလာတာမို့ အိမ်ရောက်ရင် အိပ်မယ်လို့စဥ်းစားထားတာကို အခုတော့ အိပ်မရပါ။

"အ.. ငါ့ခေါင်းတွေ မူးလိုက်တာ"

နားထင်ကို အသာကိုင်ကာငြီးတွားနေမိတဲ့ရှောင်းကျန့်။

"အိပ်ရာပြောင်းလို့ထင်တယ် ပင်ပန်းလိုက်တာ အိပ်ရတာလည်း ဘာမှန်းကိုမသိပါဘူး"

ငြီးတွားနေရာက နာရီကို လှမ်းကြည့်လိုက်ရာ

"သွားပြီ ၇ နာရီခွဲနေပြီ ငါ၈ နာရီရောက်မှဖြစ်မှာ"

အိပ်ရာပေါ်က ဆင်းကာ ရေချိုးခန်း ထဲ အမြန်သွားရတော့သည်။ ကျောင်းချိန်မမီလို့မဖြစ်ဘူးလေ ပြီးတော့ သူက ကျောင်းဆရာ ဆရာ ဖြစ်ပြီးတော့ ကျောင်းနောက်ကျတယ်ဆိုတာ ကောင်းတဲ့ အပြုမူတော့ မဟုတ်ဘူးလေ။

တစ်ခါမှ အိပ်ရာ ထနောက်မကျခဲ့ဘူးပါ။
အခုမှ တိုက်ခန်းသစ်ကို ပြောင်းလာပြီး အိပ်ရာချိန်းလိုက်သလိုဖြစ်သွားပြီး ကျောင်းမှာ ပင်ပန်းလာတဲ့ အချိန်တွေနဲ့တွေးစရာတွေများပြီ တစ်ညလုံး အိပ်ရာထဲသာ လူးလိမ့်နေခဲ့ရသည်မို့ အချိန်တွေကုန်သွားတာတောင် ရှောင်းကျန့် မသိလိုက် အခုတော့ နောက်ကျနေလေပြီ မနက်ပိုင်းပြေးဖို့ အစီစဥ်လဲ လွဲသွားပြီ။

အဝတ်အစား ဝတ်ဆင်ပြီးတော့ ရှောင်းကျန့် ကျောင်းကိုသွားရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဒါပေမယ့် အခန်းတံခါး လည်း ဖွင့်လိုက်ရော

"ကော နောက်ကျတယ်နော် ကျွန်တော် စောင့်နေတာ ကြာလှပြီ"

ရှောင်းကျန့် သူဟာသူတောင် နောက်ကျနေပါတယ် ဆိုမှ ဒီ ကလေးက သူ့ကို စောင့်နေလို့ အခုထိ ကျောင်းမသွားရသေးဘူး ဆိုတာကို သိတော့ စိတ်ရှုပ်မိတာအမှန်။

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now