Part18

149 5 0
                                    

ရှောင်းကျန့် မီးပိတ်ထားတဲ့ တိုက်ခန်းလေးထဲ တစ်ယောက်ထဲ အထီးကျန် နာကျင်စွာထိုင်နေခဲ့မိတယ်။
ထောင့်လေးမှာ မလှုပ်မယှက် အသက်မဲ့နေတဲ့ လူတစ်ယောက်လိုပဲငြိမ်နေမိသည်။

ဝမ်ရိပေါ် ပြောခဲ့ဖူးတဲ့ စကားတွေကိုလည်းပြန်ကြားယောင်ပါသည်။

ကျန့်ကောကို ချစ်တယ်....ကျန့်ကော ကျွန်တော််ကိုလက်ထပ်မလား...လို့မေးခဲ့တုန်းက ဝမ်ရိပေါ်ရဲ့ မျက်နှာ။

ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် လက်ထပ်ဖို့ထိ စိတ်ကူးထားပြီးမှ ဘာလို့လဲ ဝမ်ရိပေါ်က ဘာလို့ အဲ့မိန်းကလေးနဲ့ ပြုံးပျော်နေနိုင်ရတာလဲ။ သူတို့နှစ်ယောက်က စေ့စပ်တယ်ဆိုတော့ ရှောင်းကျန့် ကဘာဖြစ်သွားတာလဲ။ အရင်က လက်ထပ်ဖို့ ပြောထားခဲ့တာကရော ဘာလဲ။ငါတို့ပတ်သတ်မှု့ကဘာလဲ။

ရှောင်းကျန့် ဘာကိုမှ နားမလည်နိုင်တော့ပါ။ နှလုံးသားထဲ တဆစ်ဆစ်နဲ့နာနေတာက ဓားနဲ့မွှန်းထားသလိုပင်။

တီတီတီတီ တီတီph

တိတ်ဆိတ်နေတဲ့ အခန်းငယ်က ဖုန်းသံကြောင့် ဆူညံလာလျှင် ရှောင်းကျန့်လဲ အခန်းထောင့်လေးကနေ အားယူကာ ထလာခဲ့တော့သည်။

ဖုန်းကိုယူကြည့်လိုက်တော့ ဝမ်အိမ်တော်က ခေါ်နေခြင်းဖြစ်သည်။

စိတ်ပင်ပန်းမှု့အပြင် ဒီထပ် ဘာများပိုရနိုင်အုန်းမလဲ နှလုံးသားက နာကျင်မှု့ကရော အဆင်ပြေပါတော့မလား။

စိတ်မပါပေမယ့် သူတို့ဘာပြောမလဲဆိုတာကို သိချင်မိသည်။ ရှောင်းကျန့် ဖုန်းကိုင်လိုက်ကာ ပြောလာမှာကိုပဲ နားထောင်နေမိသည်။

📳
"သခင်လေး..သခင်လေး ဘယ်မှာပါလဲအခု..အခုလေသခင်လေးရိပေါ်က....သခင်လေးကို အိမ်တော်မှာ မတွေ့လို့ ဒေါသထွက်ပြီး အိမ်တော်က ပစ္စည်းတွေကို ပေါက်ခွဲနေတာမရပ်ဘူး ဝင်တားလို့လည်း မရဘူး....သခင်လေး"

အဘွားချင်းက ကတုန်ကယင်နဲ့ပြောနေသည် ။ကြောက်နေပုံရသည် ။ဖုန်းထဲကနေတောင် ပစ္စည်းတွေကွဲတဲ့အသံတွေ ဆူညံနေတာပဲ! ရှောင်းကျန့် လည်း စိတ်ရှုပ်ကာ

"အဘွားချင်း...အဲ့ဒါက..ဘာလို့"

"သခင်လေးရယ် အခုပြန်လာပါတော့ သခင်လေး ရိပေါ်ကို ဘယ်သူမှ တားလို့မရဘူး...သခင်လေးရိပေါ်က အရမ်းဒေါသထွက်နေတယ်...သခင်လေးပြန်မလာရင် ပိုဆိုးသွားနိုင်တယ်...ပြီးတော့ သခင်လေးရိပေါ် ရဲ့ ခြေထောက်တွေက ဖန်ကွဲစတွေစိုက်ပြီးသွေးတွေတောင်ထွက်နေပြီ...လက်မှာလဲ သွေးတွေနဲ့....သခင်လေးရယ် ပြန်လာပါတော့"

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now