(နှစ်ပတ်ကြာသော်)ည 8:30
"ရိပေါ် စာတွေပြီးပြီလား"
ရေချိုးပြီး ရေချိုးခန်း ထဲက ထွက်လာတဲ့ ရှောင်းကျန့် နွားနို့ ပူပူလေးကို ခွက် တခွက်ယူကာထည့်နေရင်း စာလုပ်နေတဲ့ ရိပေါ်ကို လှမ်း အော်မေးလိုက်သည်။
"ဟုတ်ကဲ့ ကျန့်ကော ဒီအပိုဒ်လေးရေးပြီးရင် ပြီးပြီ"
"တော်တယ်"
ချီးကျုးစကားပြောကာ နို့ခွက်ကို ကိုင်ကာ ရှောင်းကျန့်က ရိပေါ်စာလုပ်နေသော စားပွဲဆီကို လျောက်လာခဲ့သည်။
ခုံလေးမှာပဲ ဝင်ထိုင်လိုက်ကာ နွားနို့ခွက်ကို စားပွဲပေါ် ချထားလိုက်သည်။
"စာမေးပွဲက နှစ်ရက်ပဲ လိုတော့တယ် မင်းအတွက် ခက်ခဲနေတဲ့ စာတွေရှိနေရင် ငါ့ကို ပြော''
"မရှိဘူး ကျွန်တော်စာတွေအကုန်ရနေပြီ...တော်တယ်မဟုတ်လား ကျန့်ကော "
ခွေးပေါက်လေးတွေလို တော်တယ် လို့ ပြောမှ ကျေနပ်သွားတော့မလို ဖြစ်နေတဲ့ ရိပေါ်ကို ရှောင်းကျန့် ကြည့်ကာ ပြုံးမိသည်။
"အင်းအင်း တော်တယ် မင်းအတော်ဆုံးပဲ"
"ဒါဆို ကျွန်တော်ကိုဘာဆုပေးမှာလဲ"
ဝမ်ရိပေါ်ရဲ့ အပြုံးက သူ့အကွက်ထဲကို ဝင်သွားပြီဆိုတဲ့အပြုံး ။
"ဆုမပေးလို့ မရဘူးနော် ကျန့်ကော"
"မင်းကဘာဆုလိုချင်လို့လဲ"
"ကျွန်တော်လိုချင်တာကိုပေးမှာလား"
"ငါကလား မပေးပါဘူး...ရော့ နွားနို့သောက်လိုက်...အဲ့ဒါက ဆုချတာ"
"ကျန့်ကောက ညစ်တာပဲ ဒီနို့တွေက ကျွန်တော် ညတိုင်းအမြဲသောက်နေရတာပဲဟာ"
ဝမ်ရိပေါ်က စာပြန်လုပ်မယ်လို့ပြောတဲ့ နေ့ကတည်း ရှောင်းကျန့် ရဲ့အခန်းမှာပဲနေတော့တယ် ကျောင်းသွားရမယ့်အချိန်မှ မိမိအခန့းကိုပြန်ကာ အဝတ်စားလဲပီး နေ့တိုသ်းလမ်းလျှောက်ကာ ရှောင်းကျန့် နဲ့အတူတူ ကျောင်းသွားသည်။
ရှောင်းကျန့် ကလည်း စာကို သေချာကြိုးစားနေတာကို မြင်ရတာမို့ သူ့အခန်းမှာနေခွင့်ပြုထားသည်။ အတူတူနေနေတာ နှစ်ပတ်တောင်ရှိနေပြီ ပြီးတော့ ရိပေါ်နဲ့ အတူတူနေနေတော့ ရှောင်းကျန့် ကပဲအရာရာကို လုပ်ကိုင်ပေးနေရသည်။ မနက်စာ ညစာ အစာပြေ စာရှင်းပြတာတွေ ဆုံးမတာတွေ အထက်တန်းကျောင်းသားမို့ အားရှိဖို့လည်း လိုတာမို့ ညမအိပ်ခင် ရှောင်းကျန့် ရိပေါ် အတွက် နို့တစ်ခွက် အမြဲပင်ထားပေးလေ့ရှိသည်။ ကြာလာတော့ ဆရာလို လုပ်ပေးနေရာကနေ အခုဆို ရှောင်းကျန့် ကိုယ့်ကိုကိုယ် ရိပေါ်ရဲ့ အဖေဖြစ်သွားတဲ့ ခံစားချက်မျိုးတောင်ဖြစ်နေသည် ကလေးတစ်ယောက်မွေးထားရသလိုပဲ သူပဲ အကုန်လိုက်လုပ်ပေးနေရသည်။
STAI LEGGENDO
မျက်ရည်များနဲ့အချစ်(Complete)
Fanfictionဒီတစ်ခါလည်း YiZhan fan fic လေးပါရှင့် ။အရင်ရေးထားတာလေးကိုပြန်တင်ပေးတာပါနော်။ ဆရာ ရှောင်းကျန့်နဲ့ အထက်တန်းကျောင်းသား ဂျစ်ကန်ကန်လူဆိုးလေး ဝမ်ရိပေါ်တို့ ဘယ်လိုစတွေ့ပြီး ဘယ်လိုတွေရင်ခုန်သံအစပျိုးလာမလဲ သိချင်ရင်ဖတ်ကြည့်ပါရှင့်။နည်းနည်းခါးမယ်နော်😗