"ဆရာရှောင်းထိုင်ပါအုန်း"
ကျောင်းအုပ်ဆရာက ပုံမှန်နဲ့မတူ အရင်ကဆို ရှောင်းကျန့် ကိုမြင်တာနဲ့ ရိုရိုကျိုးကျိုး ဆက်ဆံတာ အခုကျ အထင်သေးတာလိုလိုဘာလိုလိုနဲ့ ရှောင်းကျန့် လည်း မမှု့ပါ ခုံမှာ ဝင်ထိုင်လိုက်ကာ
"ကျောင်းအုပ်ဆရာ ပြောစရာရှိတာပြောပါ"
ကျောင်းက ချောင်းတဟမ့်ဟမ့်လုပ်ကာစကားစ၏။
"ဆရာရှောင်းလည်း အခု ကျောင်းမှာ ထွက်နေတဲ့ သတင်းတွေကို သိပြီးဖြစ်မှာပါ ဒီသတင်းတွေနဲ့ ပတ်သတ်ပြီး ဆရာရှောင်း မဟုတ်ဘူးငြင်းသည် ဖြစ်စေ ဟုတ်တယ်ဟု လက်ခံသည်ဖြစ်စေ ကျုပ်အနေနဲ့တော့ ဆုံးဖြတ်ချက်ချပြီးသွားပါပြီ"
"ကျွန်တော် သဘောပေါက်ပြီ"
ရှောင်းကျန့်က မတုန်မလှုပ်ပင်နေ၏။
"ဆရာရှောင်း အနေနဲ့ ရှောင်းအိမ်ရဲ့ သားတစ်ယောက်မို့ အလေးပေးခံရတဲ့ ဆရာတစ်ယောက်ပါ ဒါပေမယ့် Gayတစ်ယောက်ကို ဟွားရန်အထက်တန်းကျောင်းမှာ ဆရာအဖြစ် လက်ခံမှာမဟုတ်ဘူး...ကျောင်းသားတွေအတွက် အန္တရာယ် ဖြစ်လာနိုင်တယ်"
ထိုစကားတွေက ရှောင်းကျန့် ကို သက်သက်စော်ကားနေခြင်း အန္တာရယ်ဖြစ်နိုင်တယ်ဆိုတာဘညသဘောလဲ။
"ကျောင်းအုပ်ဆရာ ကျွန်တော် Gayတစ်ယောက်ဆိုတာကို မငြင်းပါဘူး ဒါက ကျွန်တော် လွတ်လပ်ပိုင်ခွင့်ပဲ ပြီးတော့ ကျောင်းသားတွေကို အန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ စကားကို ပြန်ရုတ်သိမ်းလိုက်ပါ ကျွန်တော်က ရောဂါ ပိုးမွှားတစ်ခုလည်းမဟုတ်သလို ကျောင်းသားတွေကို ပျက်စီးစေမဲ့ လူမျိုးမဟုတ်ဘူး"
ကျောင်းအုပ်ဆရာဟာ Gayဆိုတာကို လက်မခံနိုင် ရွံမုန်းသူမို့ ထို့အပြင် ရှောင်းကျန့် က Gay တစ်ယောက်ဖြစ်နေတာကို သိသွားတော့ သူ့နိုင်ပြီဟုသာ တွက်ထားသည်။ အရင်ကဆို ဆရာရှောင်း ဆရာရှောင်းနဲ့ မျက်နှာ ရအောင် ဖားနေရတာ အခုတော့ ဒီလို ရွံစရာကောင်းတဲ့သူကို ဆက်မဖား နိုင်တော့ဟု တွေးထားသည်။သူကလည်းမျက်နှာတင်းတင်းပင်။
သို့သော် ဒီခေတ်ကြီးမှာ ဒီလို ရှေးရိုးစွဲနေတဲ့ လူတွေ တစ်ခုခုဆို ထူးဆန်းတယ် လက်မခံနိုင်ဘူးဆိုတဲ့ လူတွေကြောင့် Gayတွေကအမြဲ ဒုက္ခရောက်နေရသည်
YOU ARE READING
မျက်ရည်များနဲ့အချစ်(Complete)
Fanfictionဒီတစ်ခါလည်း YiZhan fan fic လေးပါရှင့် ။အရင်ရေးထားတာလေးကိုပြန်တင်ပေးတာပါနော်။ ဆရာ ရှောင်းကျန့်နဲ့ အထက်တန်းကျောင်းသား ဂျစ်ကန်ကန်လူဆိုးလေး ဝမ်ရိပေါ်တို့ ဘယ်လိုစတွေ့ပြီး ဘယ်လိုတွေရင်ခုန်သံအစပျိုးလာမလဲ သိချင်ရင်ဖတ်ကြည့်ပါရှင့်။နည်းနည်းခါးမယ်နော်😗