Part5

133 7 0
                                    

🕐(ည၁နာရီ)

"ဟင်~"

တစ်စုံတစ်ယောက် ရဲ့ခါးကိုလာဖတ်ထားမှု့ကြောင့် အိပ်ရေးဆတ်တဲ့ ရှောင်းကျန့် နိုးလာရ‌သည်။

ခါးကလက်တွေကိုငုံ့ကြည့်မိရင်း တရားခံကိုပါသိရသည်။

"ဝမ်ရိပေါ်...ဝမ်ရိပေါ်..ဝမ်ရိပေါ်!"

ရှောင်းကျန့် ကိုဖတ်ထားတဲ့လက်တွေကိုမလွှတ် ပြန်လည်းမထူး။

လက်ကိုပုတ်ကာနိုးမိတော့ အေးစက်နေတဲ့လက်တွေကြောင့်လန့်သွားရသည်။

"ဝမ်ရိပေါ်...မင်းဖျားနေတာလား"

အိပ်နေရာက ထကာ ရှောင်းကျန့် ကြည့်လိုက်မှ သူ့ဘေးမှာကွေးကွေးလေးအိပ်နေတဲ့ ဝမ်ရိပေါ်။ လက်ဖျားတွေအေးနေပြီး ချွေးစေးတွေလည်းထွက်နေသည်။

"ဝမ်ရိပေါ်...ထနိုင်လား"

ဝမ်ရိပေါ် အရမ်းကို ဖျားနေပုံပေါက်တာမို့ ရှောင်းကျန့် ရေပတ်တိုက်ဖို့အဝတ်သွားယူချင်သည်။ သို့သော် သူ့ခါးကို ဆွဲယူကာဖတ်ထားသည့် ဝမ်ရိပေါ်ရဲ့ လက်တွေက ကျစ်လစ်သန်မာစွာရှိနေသည်မို့ မရုန်းနိုင် ။

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ လက်တွေကိုမနည်းဖယ်ကာ အိပ်ရာပေါ်မှ ဆင်းမယ်အကြံ

"ကျွန်တော့်ကို ထားမသွားပါနဲ့တစ်ယောက်တည်းထားမသွားပါနဲ့မား.... မား ကျွန်တော်ကို တစ်ယောက်တည်း ထားမသွားပါနဲ့"

ရှောင်းကျန့် ရဲ့ လက်ကို ဆွဲကိုင်ကာ ကယောင်ကတမ်း နဲ့ ဝမ်ရိပေါ် ငြီးလာသည်။

ဖျားနေတာကြောင့် သူအမေကိုသတိရပြီး က‌‌ေယာင်ကတမ်းဖြစ်နေသူကိုကြည့်ကာ ရှောင်းကျန့် သနားသွားရသည် ။

"ဝမ်ရိပေါ် သတိထားပါအုန်း ငါ ရေဝတ်သွားယူမသွားလို့ ဝမ်ရိပေါ် ငါ့ကို လွှတ်ပေအုန်း"

ရှောင်းကျန့် ရဲ့ အသံကို နားထဲမှာ တိုးတိုးလေး နဲ့ ကြားလာတော့ ရိပေါ် မျက်လုံးတွေကို ကြိုးစားကာ ဖွင့်ကြည့်လိုက်သည်။

ရှောင်းကျန့်မျက်နှာကို ဝေဝေဝါးဝါးမြင်ရလျှင် ဝမ်ရိပေါ်ပိုတိုးဖတ်ထားမိသည်။

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now