Part6

138 7 0
                                    

အိမ်ပြန်ချိန် လမ်းတစ်လျှောက်လုံး အသံတိတ်နေလာတာတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်မျက်နှာတကြည့်ကြည့်ပါလာရသည်။

"ကျန့်ကော ကျန့်ကော ...ကော...ကျန့်ကောလို့"

ဝမ်ရိပေါ်ကတော့ တလမ်းလုံး ရှောင်းကျန့် ကို စနေတော့သည်။ ရှောင်းကျန့် နားတွေပူပေမယ့် ပါးစပ်ပိတ်၍ သာနေသည်။

"ကျန့်ကော လျစ်လျူရှု ပြန်ပြီ "

ဝမ်စနည်နေသလို ပုံစံနဲ့ပြောလာသူကြောင့် ရှောင်းကျန့် သက်ပြင်းတစ်ချက်မိသည် ။

"ဝမ်ရိပေါ် ပါးစပ်လေးပိတ်ပေးထားပါလား ငါခေါင်းနောက်လာပြီနော်"

"မရပ်ဘူး မပိတ်ဘူး ဆက်တိုက်ခေါ်နေမှာ"

"ဝမ်ရိပေါ်..."

အဲ့လိုတစိမ်းဆန်ဆန်မခေါ်ဖို့ သေချာပြောထားရဲ့နဲါ
ဝမ်ရိပေါ် လို့ တစိမ်းဆန်ဆန်ခေါ်နေတာကို ဝမ်ရိပေါ်ကြားနေရတော့ ရှောင်းကျန့် ကိုစိတ်ဆိုးမိသည်။မျက်နှာကိုတည်လိုက်ကာ

"ကျန့်ကော က ကတိမတည်ဘူး...ကျွန်တော့ ကို အဲ့လောက်မုန်းနေရင်လည်း နေပါတော့..."

ဝမ်ရိပေါ် တကယ် စိတ်ဆိုးမိတာမို့ ရှောင်းကျန့် ကို ဒေါသမျက်နှာနဲ့ ပြောမိပြီးတော့ ရှောင်းကျန့် ကို ကျော်ပြီး လမ်းလျောက်သွားတော့သည်။

ရှောင်းကျန့် ကတိ မတည်တာ မဟုတ်ပါဘူး အကျင့် ပါသွားယုံပါ။တစ်ယောက်တည်းလျောက်သွားသူကိုကြည့်ရင်းလှမ်းအော်ရပြန်သည်။

"ဘာလဲဟ ဝမ်ရိပေါ်!"

ရှောင်းကျန့် လှမ်းအော်နေပေမယ့် ရိပေါ်က လှည့်မကြည့်ပဲ သွားလေ၏။

(ဒီကလေး စိတ်ဆိုးသွားတာလား ဘာကို စိတ်ဆိုးသွားရတာလဲ တကယ်ပါပဲ)

ရှောင်းကျန့် ကြည့်နေရင်းနဲ့ ရိပေါ်က တိုက်ခန်းပြန်တဲ့ လမ်းမဟုတ်တဲ့ ဘက်ကို လျှောက်သွားတာကိုမြင်လိုက်တော့

"ဝမ်ရိပေါ် အဲ့လမ်းမဟုတ်ဘူးလေ ဘယ်သွားတာလဲ"

ဝမ်ရိပေါ် ကြားရဲ့နဲ့ ပြန်မဖြေပဲ ဆက်လျောက်ဟန်ပြင်သည်။

"ဝမ်ရိပေါ် ငါပြောနေတယ်လေ အဲ့မှာ ရပ်နေစမ်း"

ရှောင်းကျန့်သူ့စကားကိုနားမထောင်တာကြောင်ြ အော်ကာ ရိပေါ် နောက်ကိုပြေးလိုက်ရ၏။

မျက်ရည်များနဲ့အချစ်(Complete)Where stories live. Discover now