"အဘွားချင်း အပြင်မှာ ပျိုနီပန်းတွေ ပွင့်နေပြီ"
ရှောင်းကျန့် အိပ်ရာ နိုးလာတော့ ဝရံတာက ထွက်ကြည့်လိုက်တော့ ပန်းတွေ ပွင့်နေတာကို မြင်တော့ အဘွားချင်းကိုပါ ခေါ်ကာ ခြံထဲ ဆင်းလာခဲ့သည်။
"လှလိုက်တာ..သခင်လေးရယ်...ရိပေါ်မား...သခင်မသာတွေ့ရင် အရမ်းပျော်နေမှာ"
"ရိပေါ်မား...အခု ပန်းတွေကို ကြည့်နေမှာပါ အဖွားရဲ့ ရိပေါ် စိုက်ခဲ့တဲ့ ပန်းပင်တွေပဲလေ...နေအုန်း ကျွန်တော် ဓာတ်ပုံရိုက်ပြီး ရိပေါ် ဆီ ပို့ပေးရမယ်"
ရှောင်းကျန့် ဖုန်းနဲ့ ပျိုနီးပန်းပင်တွေကို ဓာတ်ပုံရိုက်ကာ ရိပေါ် ကြည့်ဖို့ ပို့ပေးလိုက်သည်။
"သခင်လေး...ရိပေါ်သခင်လေးက ပြန်မလာသေးဘူးလား"
အဘွားချင်းက ရှောင်းကျန့်ကိုမေးလာ၏။
"အခုတော့ မရသေးဘူးတဲ့...သူ ဟိုမှာ ကုမ္ပဏီ ကိစ္စ လုပ်စရာလေးတွေ ရှိနေသေးတယ်တဲ့"
"ဪ ဟုတ်ကဲ့...သခင်လေးလည်း ရိပေါ် သခင်လေးကို အရမ်းလွမ်းနေမှာပဲနော်"
ရှောင်းကျန့် ဝမ်းနည်းမိသည်။ ဟုတ်သည် သူ ရိပေါ်ကို အရမ်းလွမ်းသည် ။အရမ်းသတိရသည်။
ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် မတွေ့ဖြစ်တာ ၆ နှစ်တောင်ရှိပြီ ဝမ်ရိပေါ်က အထက်တန်းအောင်တော့ အမေရိကမှာကျောင်းသွားတက်နေခဲ့တာ သူ့ရဲ့ပါးကို သက်သေပြဖို့ ကုမ္ပဏီက ဒါရိုက်တာတွေကို သက်သေပြဖို့ သူဟာ ကုမ္ပဏီကိုဆက်ခံခွင့် အရည်ချင်းရှိတဲ့ လူတစ်ယောက်ဆိုတာကိုသက်ေသပြဖို့။ ရှောင်းကျန့် ကိုယ်တိုင်ကလည်း သေချာ အရည်ချင်းတွေတိုးတက်လာအောင် အမေရိက ကို သေချာ လွှတ်လိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် သူလိုက်မသွားခဲ့ဘူး...ဘာလို့ဆို ဝမ်အိမ်တော်ကြီး စောင့်ရှောက်ဖို့ ရိပေါ်ကို ကတိပေးကာ နေခဲ့ခြင်းဖြစ်သည်။
ရှောင်းကျန့် ဝမ်အိမ်တော်ကြီး မှာ နေနေတာဟာ ၆ နှစ်တောင် ရှိနေလေပြီ သူဟာ ဒီအိမ်ရဲ့ သခင်ဖြစ်လာမဲ့ ဝမ်ရိပေါ်ရဲ့ချစ်သူဆိုတော့ အားလုံးက ရိုသေစွာ ဆက်ဆံကြသည်။
YOU ARE READING
မျက်ရည်များနဲ့အချစ်(Complete)
Fanfictionဒီတစ်ခါလည်း YiZhan fan fic လေးပါရှင့် ။အရင်ရေးထားတာလေးကိုပြန်တင်ပေးတာပါနော်။ ဆရာ ရှောင်းကျန့်နဲ့ အထက်တန်းကျောင်းသား ဂျစ်ကန်ကန်လူဆိုးလေး ဝမ်ရိပေါ်တို့ ဘယ်လိုစတွေ့ပြီး ဘယ်လိုတွေရင်ခုန်သံအစပျိုးလာမလဲ သိချင်ရင်ဖတ်ကြည့်ပါရှင့်။နည်းနည်းခါးမယ်နော်😗