Part 3 z+u

631 18 1
                                    

Uni

ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း

Part 3

ဒီနေ့က မင်းထက်တို့အလုပ်ပိတ်ရက်မလို့ မနက်8နာရီလောက်မှ အိပ်ယာထဖြစ်သည်။ မနက်နိုးတည်းက အိမ်သည် အရင်နေ့များနှင့်မတူကွဲပြားစွာတိတ်ဆိတ်နေ၏။ ထူးဆန်းသည့်အခြေနေကြောင့် မင်းထက်လဲ မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်ပြီး မနက်စာ စာရန်း ထမင်းစားပွဲပေါ်ရှိ အုပ်ဆောင်းကိုဖွင့်မိတော့ ဗလာကျင်းနေသည့် စားပွဲခုံအလွတ်သာရှိ၏။

"ဟင်! မေမေလဲ မနက်စာမပြင်ထားပါလား။ ငါ အလုပ်ပိတ်ရက်မလို့ပဲ အေးအေးဆေးဆေးမှချက်ဖို့စီစဥ်နေတာများလား"

ဆာလောင်နေသည့်ဗိုက်ကိုလစ်လျူရှု့ကာ တစ်ကိုယ်တည်းအမေးအဖြေလုပ်ရင်း အိမ်ရှေ့သို့ထွက်လာမိတော့ ကွပ်ပျစ်ပေါ်တွင် ဈေးခြင်းတောင်းကိုဘေးမှာချကာ ငူငူငိုင်ငိုင်ထိုင်နေသည့် မိခင်ဖြစ်သူကိုတွေ့လိုက်ရသည်။

"မေမေ အခုမှဈေးကပြန်ရောက်တာလား"

သူ့အသံကြားတော့ မေမေက အတွေးလွင့်နေသူတစ်ယောက် အသိစိတ်ပြန်ကပ်လာသည့်ပမာ ခန္ဓာကိုယ်တချက်တုန်သွားပြီး သူ့ထံသို့ စောင်းငဲ့ကြည့်လာသည်။ ထို့နောက်မေမေသည် ဖျော့တော့စွာတချက်ပြုံးကာ မင်းထက်၏မေးခွန်းကို ခေါင်းငြိမ့်လျှက်ဖြေပေးလာ၏။

"ဟုတ်တယ်သား။ မင်းထက် သားကို အမေ ပြောစရာစကားအနည်းငယ်ရှိတယ်ကွယ်"

မေမေ့ရဲ့စကားကြောင့် မင်းထက်လဲ အူလည်လည်ဖြင့် မေမေ့ဘေးနားတွင်ဝင်ထိုင်လိုက်သည်။

"ဘာပြောချင်လို့လဲမေမေ"

ဒေါ်မြနှစ်သည် သူ(မ)၏သားကြီးကို အပြစ်မကင်းသလို တချက်ကြည့်ပြီးမှ အရှေ့ဘက်သို့အကြည့်ပြန်ပို့လိုက်ရင်း ဆိုလိုရာကို ဆက်ပြော၏။

"မေမေ သားကို ဦးဘောဂရဲ့ သားမက်ဖြစ်သူနဲ့ နေရာချထားပေးချင်တယ်"

မေမေရဲ့ ထူးဆန်းလှသည့်စကားကြောင့် မင်းထက် မျက်ခုံးပင့်မိသည်။ မေမေက ဘာလို့ဒီလိုပြောရတာလဲ

"မေမေ ဘာကိုဆိုလိုချင်တာလဲ။ ဘာလို့ ကိုနေမင်းငယ်နဲ့ သားကို နေရာချထားပေးချင်ရတာလဲ မေမေ"

ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း(Z+U)Where stories live. Discover now