Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 10
မင်းထက်တို့ရန်ကုန်ပြန်ရောက်တော့ထင်မှတ်မထားသည့်ကိစ္စကြီးတစ်ခုဖြစ်လာခဲ့သည်။ ဦးဘောဂ၏ခေါ်ဆိုမှု့ကြောင့် မင်းထက်ရော နေမင်းပါ ဦးဘောဂ၏အိမ်သို့လာခဲ့တာဖြစ်သည်။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲတွင်ထိုင်နေသူသည် ဦးဘောဂတစ်ယောက်တည်းမဟုတ်ပဲ မေမဒီဆိုတဲ့မိန်းမပါ ရှိနေသည်။
"အဖေ ဒီမိန်းမက ဘယ်လိုလုပ်ပြီးအိမ်ကိုရောက်နေတာလဲ။"
နေမင်းသည်Sofaပေါ်တွင်ပင် မထိုင်နိုင်ပဲ ဦးစွာမေးမိသည်။ ဒီအခြေေနကြီးကို နေမင်းရော မင်းထက်ပါ နားမလည်နိုင်ဖြစ်နေမိသည်။ အဖေ့ရဲ့မျက်နှာကိုကြည့်ရတာလဲ မှိုင်းညို့နေ၏။ သူတို့မရှိတဲ့အချိန်အတွင်း ဘာတွေဖြစ်ကုန်တာလဲဆိုတာ တွေးလို့ပင်လိုက်မမှီတော့ပေ။
"ထိုင်ပါဦးငယ်ရယ်။ အဖေ့ကို အေးဆေးမေးပါ"
မင်းထက်ပြောလိုက်တော့မှ ငယ်က sofaပေါ်တွင်ဝင်ထိုင်သည်။ မင်းထက်လဲ ငယ့်ရဲ့ဘေးတွင် မေမဒီနှင့်မျက်နှာချင်းဆိုင်အနေထားဖြင့် ထိုင်လိုက်လေ၏။ မေမဒီကိုကြည့်မိတော့ ဒီမိန်းမရဲ့မျက်ဝန်းတွေမှာ အကြောင်းအရာအချို့ကိန်းအောင်းနေတာ မင်းထက်ခန့်မှန်းမိသည်။
"သားမေးတာဖြေပါအဖေ။ သူနဲ့ အဖေက ဘယ်လိုဆုံရသလဲ"
နေမင်းမေးလိုက်တော့ ဦးဘောဂသည် သက်ပြင်းချ၏။
"အဟင်း.. အကိုကြီးနဲ့ ကျွန်မက ဒီနေ့ပဲ အကြင်ယား ဖြစ်သွားပြီလေ"
အညိုရောင်ဆေးကူထားတဲ့ နုတ်ခမ်းကို ဆွဲဆောင်မှု့အပြည့်နဲ့ ပြုံးကာ ဦးဘောဂ၏လက်မောင်းကိုချိတ်တွယ်လျှက် မေမဒီက ကြားဖြတ်၍ ဖြေ၏။ ဦးဘောဂသည် သူ၏လက်မောင်းထက်တွင် နေရာယူထားတဲ့ မေမဒီရဲ့လက်တွေကို ကြမ်းတမ်းစွာဖြုတ်ချလိုက်တာကြောင့် မေမဒီ၏ မျက်နှာသည် သိသာစွာပျက်ယွင်းသွားသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မေမဒီ မင်းမှာ ယောက်ျားရှိ..!!"
"ဦးဘောဂနဲ့ကျွန်မ လက်ထပ်လိုက်တာ အမှန်တရားပဲ။ ဒါကိုပြုပြင်ပြောင်းလဲလို့မရဘူး!"