Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 6
ညနေငါးရီအချိန်သည် မင်းမြတ်ရဲ့ကျောင်းဆင်းချိန်ဖြစ်သည်။ ကျောင်အပြင်တွင်ရောင်းနေသော ကွေတီယိုဆိုင်သို့ဝင်ကာ စုထားသောမုန့်ဖိုးလေးနှင့် ယောက်ဖနဲ့ညီမလေးစားဖို့အတွက် ကွေ့တီယိုပါဆယ်နှစ်ပွဲဝယ်ကာ လက်ကကိုင်လျှက် အိမ်သို့ လမ်းလျှောက်ပြန်ခဲ့သည်။
အိမ်သို့ပြန်မရောက်ခင်လမ်းတွင် ကားတစ်စီးသည် မင်းမြတ်၏ဘေးတွင်ရပ်လိုက်တာကြောင့် မင်းမြတ်လဲ လှမ်းလက်စ ခြေလှမ်းတွေကို ရပ်လိုက်မိသည်။ ကားမှန်ချလိုက်သောအခါတွင် မြင်ရသည့်လူသည် ဦးဘောဂဖြစ်နေ၏။
"ချာတ်တိတ် ကျောင်းဆင်းတာလား။"
"ဟုတ်ကဲ့"
ပါဝါမျက်မှန်အကြည်လေးအောက်တွင် မြင်နေရသည့် ထိုလူကြီး၏မျက်ဝန်းတစ်စုံသည် အရည်လဲ့ကာတောက်ပနေပြီး ဩရှရှမေးသံကြောင့် မင်းမြတ်၏ ဘယ်ဘက်ရင်ဘက်အခြမ်းတွင် လှုပ်ရှားမှုဟာလည်း ဆစ်ကနဲ။
ကိုကြီးကို သူ့သားအတွက် လာတောင်းရမ်းစဥ်အခါကတည်းက ထိုလူကြီးကို မင်းမြတ်သတိထားမိတာဖြစ်သည်။ ထိုအချိန်တုန်းက ဗမာဆန်ဆန်ဝတ်စားထားတာကြောင့် လူကြီးလူကောင်းဆန်သလို ယခုကဲ့သို့ ဘိုဆန်ဆန်ဝတ်ထားသည့်အခါတွင်လည်း တမျိုးတမည် ဆွဲဆောင်မှု့ရှိနေလေသည်။
"ကားပေါ်တက်လေ။ ဦးလည်း ချာတိတ်တို့အိမ်သွားလက်စနဲ့ လမ်းကြုံလို့ပါ။"
မင်းမြတ်လည်း ခြေညောင်းသက်သာမယ့်ကိစ္စကို ငြင်းလျှင်ရိုင်းရာကျမည်စိုးသဖြင့် ထိုလူ၏ဘေးတွင်ဝင်ထိုင်လိုက်သည်။ ကားအရှေ့ခန်းတွင်တော့ ဒရိုင်ဘာဦးလေးကြီးသာရှိ၏။ ဦးဘောဂသည် ဘေးတွင်ယှဥ်လျှက်ထိုင်နေသော ကောင်ငယ်လေး၏ မျက်နှာလေးကို ကြည့်မိသည်။
အရုပ်မျက်လုံးတွေလို ဝိုင်းစက်သောမျက်ဝန်းတစ်စုံတွင် မျက်တောင်ရှည်တို့က ကော့ညွှတ်လျှက် သွယ်စင်းသောနှာတံ၏ အောက်အဆုံးသတ်တွင် ဆေးကူခြင်းမရှိသည့် နီစွေးစွေးနုတ်ခမ်းဖူးလေးနားအရောက်တွင် အကြောင်းမဲ့စွာ တံတွေးမျိုချမိသည်။ ဒီကောင်လေးက မိန်းကလေးဆန်ဆန်လှသည့်အထဲတွင်ပါ၏။