Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 4
ွကောင်လေးသွားရာအနောက်သို့လိုက်မိသည့်အခါ ကောင်လေးသည် သူတို့အိမ်အနောက်ဘက်တွင်ရှိသော စပယ်ချုံကြီးဘေးတွင် ရုတ်တရက် ခြေလှမ်းတို့ကိုရပ်လိုက်တာကြောင့် နေမင်း၏နဖူးသည် ကောင်လေး၏ မာကျောသော ကျောပြင်ကျယ်နှင့်တိုက်မိလေ၏။
"ဒုတ်!! ....အင့်္!!"
ကောင်လေးသည် နေမင်းဘက်သို့ချက်ချင်းလှည့်လာပြီး နီရဲသွားတဲ့ နေမင်းရဲ့နဖူးလေးကို လက်လှမ်းကာ ပွတ်သပ်ပေးလာတဲ့ ကောင်လေးရဲ့အပြုအမူကြောင့် နေမင်းမှာ အံ့ဩစွာဖြင့်ကောင်လေးကို ကြောင်၍ ကြည့်နေမိသည်။
"ခင်ဗျား... အရမ်းနာသွားလား"
"အာ.. ဟို.. ရ ရပါတယ်.. သိပ်မနာဘူး"
သူပြောလိုက်တော့မှ ကောင်လေးသည် ထိုအခြေနေကို အနေခက်စွာဖြင့် လက်ကိုပြန်ရုတ်သိမ်းကာ ရှက်ကိုးရှက်ကန်းဖြင့် လည်တိုင်ကို သူ၏လက်ဖဝါးတို့ဖြင့်ပွတ်သပ်ရင်း အကြည့်လွှဲသွားလေသည်။
"ကောင်လေး.. ကိုယ့်ကို ပြောစရာရှိတယ်ဆိုတာ ဘာများလဲ"
"အာ.. ဟုတ်သားပဲ။ ကျုပ် ခင်ဗျားကိုပြောစရာရှိတယ်။ ဒီလက်ထပ်ပွဲက လူကြီးတွေစီစဥ်လို့သာ ကျုပ်လက်ခံရတာ။ ကျုပ် ခင်ဗျားအပေါ်မှာ ဘာခံစားချက်မှမရှိဘူး။
ကောင်လေးနုတ်က ပြောထွက်လာတဲ့စကားကြောင့် နေမင်းငယ်ရဲ့မျက်နှာသည် သိသာစွာပျက်ယွင်းသွားပြီး ဝမ်းနည်းစိတ်က ကြီးစိုးလာသည်။
"ကိုယ်သိပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ ကောင်လေးအပေါ်မှာ ခံစားချက်ရှိနေတယ်"
"ကျုပ်ခန့်မှန်းမိပါတယ်။ ကျုပ် ခင်ဗျားအပေါ်မှာ ခံစားချက်မရှိပေမယ့် ကျုပ်တို့ရဲ့အိမ်ထောင်ရေးကိုတော့ ထိခိုက်စေမှာမဟုတ်ပါဘူး"
နေမင်းသည် ကောင်လေး၏မျက်နှာသို့ မရဲတရဲလေး မော့ကြည့်လိုက်မိသည်။ ကောင်လေးသည် သူ့အား ဆူးနစ်စွာ စိုက်ကြည့်နေ၏။ ကောင်လေးရဲ့စကားကို ကျွန်တော်နားမလည်နိုင်ပဲဖြစ်မိသည်။