Uni
ကြမ်းကြမ်းရမ်းရမ်းမောင့်အနမ်း
Part 14
"ဦး.. ဦးထူးသာ.. ကျွန်မကို လာကယ်တာလား"
မေမဒီလက်ရှိနေသည့် တိုက်ခန်းထဲသို့ လူတစ်စုရောက်ရှိလာသည်။ ထိုလူစုထဲမှာ ထင်းထွက်နေသည့်အမျိုးသားအား မြင်သည်နှင့် သူ(မ)၏မျက်လုံးများသည် တောက်ပစွာဖြစ်ပေါ်လာသည်။ ထိုသူသည် အခြားသူမဟုတ်၊ သူ(မ)အား ယခုခံစားနေရသည့် စိတ်သောကများထဲမှ ရုန်းထွက်နိုင်ရန်ကယ်တင်ပေးမည့် ကောက်ရိုးမျှင်တဖြစ်လဲ ဦးထူးသာဖြစ်နေ၏။
မေမဒီက သူ့ထံသို့ဆိုက်မြိုက်စွာရောက်လာတဲ့ ဦးထူးသာနှင့် သူ့ရဲ့လူတွေကိုတွေ့တဲ့အလာတွင် သူ(မ) အား ကယ်တင်မည်အထင်နှင့် အားရဝမ်းသာဖြင့် ဦးထူးသာအနားသို့ပြေးသွားရင်းမေးလိုက်သည်။
"ဟုတ်တာပေါ့။ ကျုပ် မင်းကိုလာကယ်တာ။ မင်းလွတ်မြောက်ခွင့်ရတော့မယ်။ ဒါပေမယ့် အသက်ရှင်လျှက်တော့မဟုတ်ဘူး!"
သွေးအေးတဲ့အကြည့်တွေနဲ့ မူမမှန်တဲ့စကားတွေကြောင့် မေမဒီတယောက် မေးရိုးပြုတ်ကျမတတ် ပါးစပ်အဟောင်းသားဖြစ်ကာ... မျက်ဝန်းအိမ်တစုံလုံး ထိတ်လန်းမှု့ကြောင့် ဝိုင်းစက်သွားရ၏။ ထို့အတူ သူ(မ)ရဲ့ခြေလှမ်းတွေကလဲ နောက်သို့ နှစ်လှမ်းစာမျှဆုတ်ကာ ဦးထူးသာနှင့် အကွာအဝေးတစ်ခု တည်ရှိစေလိုက်သည်။
"ဦးထူးသာ.. အခု.. အခု ဘာပြောလိုက်တာလဲ!"
"မင်းကိုသာ လွတ်လပ်ခွင့်ပေးလိုက်ရင် ကျုပ်ကိုယ်တိုင်ဒုက္ခရောက်ရမယ့်အဖြစ်မျိုး ကျုပ်ကအဖြစ်ခံစရာလား။ ဒါပေမယ့် သိပ်လဲမစိုးရိမ်ပါနဲ့။ ကျုပ်အဲ့လောက်ထိရက်စက်တဲ့လူမဟုတ်ပါဘူး ။အဟွန်း! မင်းကို ရွေးချယ်ခွင့်နှစ်ခုပေးမယ် မေမဒီ။ ပထမတစ်ခုက မင်း.. ကိုယ့်ကိုကိုယ် ဒီသေနတ်နဲ့ သတ်သေမလား? ....... ဒါမဟုတ်မဟုတ် ကျုပ်ကိုယ်တိုင်သတ်ရမလား"
အပေါ်အောက် Suitအဖြူကိုဝတ်ထားပေမယ့် ထိုလူ၏စိတ်ဓာတ်ကတော့ အဝတ်အစားနှစ်မလိုက်ဖက်စွာ ညစ်ထေးနေ၏။ သူသည် ခါးကြားထဲတွင် ထိုးထည့်ထားသော သေနတ်အားထုတ်လျှက် မေမဒီ၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြရင်း အမိန့်ဆန်ဆန်မေးခွန်းထုတ်သည်။