Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 5
"ငယ် ထတော့လေ မိုးလင်းနေပြီ"
ရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်မောကျနေတဲ့ လူကြီးပေါက်စကို မင်းထက် နှိုးနေခြင်းဖြစ်သည်။ နုတ်ခမ်းလေးကိုစူကာ ကလေးတစ်ယောက်လိုအိပ်နေပုံကြောင့် မနက်စောစောစီးစီးတွင် သူ၏ ခန္ဓာကိုယ်တစ်နေရာက မူမမှန်ချင်တော့။
*ဘုရား ဘုရား.. ယောက်ျားချင်းကြီး ငါဘာတွေ တွေးနေမိတာလဲ*
မင်းထက်တစ်ယောက် စိတ်ထဲကနေ ဘုရားတနေမိတာအကြိမ်တစ်ရာမကတော့။ ဆန့်ကျင်ဘက်လိင်အမျိုးသမီးများနှင့်တောင် ထကြွမှု့မရှိတဲ့တဏှာရာဂစိတ်တို့က ထိုလူသားနှင့်မှ ထကြွသောင်းကျန်းနေသလိုပင်။ ခက်လိုက်တာ မောင့် သက်လည်ရယ်။
"ငယ်.. နေမြင့်နေပြီလေ။ ထတော့နော် ခေါင်းကိုက်နေလိမ့်မယ်"
"ဟင်း... မောင် နိုးတာကြာပြီလား"
မျက်လုံးပွင့်လာသည်နှင့်တပြိုင်နက် မေးခွန်းထုတ်လာသူသည် ရုတ်တရက်ဆိုသလိုပင် မင်းထက်၏ နုတ်ခမ်းဆီသို့ ထိကပ်ရုံမျှတစ်ချက်နမ်းလေ၏။ အနမ်းခံလိုက်ရတာကြောင့် မင်းထက်သည် မျက်လုံးများဝိုင်းစက်ကာ ခေတ္တခဏ ပတ်ဝန်းကျင်နှင့်အဆက်သွယ်ပျက်သွားသလိုပင်။ သူ... သူ အခု ယောက်ျားတစ်ယောက်ဆီကနေ အနမ်းခံလိုက်ရတာလား။ ရင်ဘက်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။
"ဘယ်အချိန်ရှိနေပြီလဲမောင်"
ငယ့်ဆီက ထပ်မံထွက်လာတဲ့အသံကြားမှ သူ အသိစိတ်ပြန်ကပ်လာသည်။ ထိုလူသားကတော့ သူ့အားနမ်းလိုက်တာကိုပင် အမှု့မဲ့ အမှတ်မဲ့ပြုမူလိုက်သလို အေးဆေးပင်ဖြစ်နေ၏။ သူကသာ..... သူကသာ ... တစ်ယောက်ထဲကမ္ဘာတွေပျက်နေခြင်းဖြစ်ပေလိမ့်မည်။
"ခု... ခုနှစ် နာရီထိုးပြီငယ်"
"အွန်.. ဟုတ်လား။ အမေနဲ့ဈေးလိုက်သွားချင်တယ်မောင်"
သူ့အားခွင့်တောင်းသလိုမေးလာတဲ့ အကြင်လူကြောင့် ကိုယ့်ကိုကိုယ် အိမ်ထောင်ဦးစီးတစ်ယောက်လို....၊ သည်လူ၏ အုပ်ထိန်းသူတစ်ယောက်ကဲ့သို့ခံစားလာရသည်။ ထို့ကြောင့် ကျွန်တော်လည်း အိပ်ထားသည့်အရှိန်ကြောင့် အနည်းငယ်ပွယောင်းယောင်းဖြစ်နေတဲ့ ငယ့်ရဲ့ ဆံစ အချို့ကို လက်ချောင်းများဖြင့် ပွတ်သပ်ချော့မြူရင်း ငယ်တောင်းဆိုတာကို ခွင့်ပြုလိုက်ရပါသည်။