Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 8
"သမီးရေ ထမင်းစားရအောင်"
သမီးကိုထမင်းကျွေးရန်အတွက် မင်းထက်လည်းအခန်းထဲဝင်ခေါ်တော့ ဗိုက်ကိုလက်ဖြင့်ဖိကာ မျက်နှာကြီးသုန်မှုန်လျှက်ထိုင်နေတဲ့ သမီးကိုတွေ့ရတော့ မင်းထက်စိတ်ပူသွားရသည်။ ကျောင်းကပြန်ရောက်တည်းက ယူနီဖောင်းပင်မလဲရသေးပဲ ထိုအတိုင်းထိုင်နေတာဖြစ်၏။
"ဘာဖြစ်လို့လဲသမီး။ မျက်နှာလဲမကောင်းပါလား။ ဗိုက်အောင်နေလို့လား"
သမီးအနားတွင်ဝင်ထိုင်ရင်း စိတ်ပူစွာမေးလိုက်တော့ သမီးကငိုမဲ့မဲ့ရုပ်လေးနှင့် ခေါင်းခါပြသည်။ ပြီးတော့ သမီးထံမှ စကားသံထွက်လာ၏။
"ဖေဖေ.. မီးကို မဆူဘူး ကတိပေး"
ကြိုတင်ကာစကားပိတ်နေသည့် ငလည်မလေးကြောင့် မင်းထက်မျက်ခုံးပင့်မိ၏။ ဘာတွေအပြစ်လုပ်ထားလို့ပါလိမ့်။
"သမီးပြောမယ့်စကားပေါ်မူတည်ပြီး ဆူသင့်မဆူသင့် ဖေဖေဆုံးဖြတ်မှာပေါ့။"
"ဒါဆို ဖေဖေ့ကို ပုံပြင်တစ်ထု ကြောပြမယ်"
ငိုမဲ့မဲ့ရုပ်နှင့် ပြောလာတဲ့သမီးက တကယ့်ကိုချစ်စဖွယ်လေးပါ။ ဗိုက်ကိုဖိနှိပ်ထားတဲ့လက်ကလည်းမဖယ်သေးဘူး။
"အံမယ်။ ငါ့သမီးကအလာကြီးပါလားဟေ့။ ကဲ ပြောစမ်းပါဦးကွာ"
"တစ်ခါက ေတာင်မယေးနဲ့ တောင်ယေး နှစ်ယောက်ချိတယ်။ တူရို့နှစ်ယောက် ထမင်းချားတဲ့အချိန်ရောက်တော့ တောင်ယေးက တောင်မယေးကို ငါးချားမယားမေးတယ်"
"အဲ့တော့.. ကောင်မလေးက ဘာပြောလဲ"
"တောင်မယေးက ငါးမချားဘူးကြောတော့ တောင်ယေးက တူ့ပန်းကန်ထဲက ငါးဟင်းတုံးကို တောင်မယေးပန်းကန်ထဲ အတင်းထည့်ပေးဖို့ရုတ်တယ်..။ တောင်မယေးက တူ့ပန်းကန်ထဲကိုထည့်မှာစိုးလို့ ရှောင်လိုက်တာ အဲ့ဒီငါးဟင်းတုံးက ဖုတ်ကနဲဆိုပြုတ်ကျတွားပြီး ေတာင်မယေးရဲ့ အင်္ကျီကိုပေတုန်တယ်။ အဲ့ဒါ တောင်မယေးမှာအပြစ်မချိဘူးမလား ဖေ့"