선배 -4-

359 39 16
                                    

• အောက်တိုဘာလ ၇ရက်နေ့
- မနက် ၁နာရီ၁၀မိနစ်၊ ကျန်းရှင်း တိရိစ္ဆာန်ဆေးကုခန်း၌

သူ့ရဲ့အသံကမတည်ငြိမ်သေးပေမယ့်လည်း ခုနကထက်တော့ ပိုကောင်းလာတာကြောင့် လူငယ်လေးကလည်း ကျိန်းသေပင် ကြားလိုက်ရမှာပင်။

" Senpai...? "

လူငယ်လေးက သူ့ကိုဖက်ထားရာက ဖြေလျော့ပေးလိုက်ပြီး မယုံကြည်နိုင်သလိုမျိုး ကြည့်လာခဲ့သည်။

လူငယ်လေးရဲ့မျက်လုံးအတွင်း အံ့သြမှင်သက်မှုတွေ ရောယှက်နေတာကို တွေ့လိုက်ရတာကြောင့် ဂျွန်မြောင် သူ့နှုတ်ခမ်းသူ တင်းတင်းစေ့လိုက်မိသည်။

" မငိုနဲ့တော့နော် စီနီယာရှိတယ် "

ဂျွန်မြောင် လူငယ်လေးရဲ့ မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ မျက်တောင်ရှည်လေးပေါ် ကပ်ညှိနေသော မျက်ရည်ဥလေးတွေကို ဖယ်ရှားပေးဖြစ်သည်။

မျက်နှာချင်းဆိုင်ရချိန်မှာ လူငယ်လေးရဲ့အကြည့်တွေက သူ့ထံမှာပဲတသားတည်း တည်ရှိနေတာက ဂျွန်မြောင်ကို မနေတတ်အောင် ဖြစ်စေခဲ့သည်။ ဂျွန်မြောင် လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ကိုမိန့်မောစွာကြည့်နေသည့် မျက်ဝန်းညိုများကို ရင်မဆိုင်နိုင်တော့သဖြင့် မျက်လွှာချကာအကြည့်လွှဲကာမှ ပိုဆိုးသွားခဲ့သည်။

ခေါင်းငုံ့မိချင်းချင်းမှာပင် နှစ်ယောက်သားချိတ်ဆက်နေမိသည့်နေရာက သူ့ရဲ့မျက်လုံးများနှင့်တတန်းတည်းကျရောက်နေတာကြောင့်...။ ဂျွန်မြောင် ရှက်ရွံ့မှုစွာ ကိုယ့်မျက်နှာကိုယ်ဝှက်ထားရန် ကြိုးစားတော့သည်။

လူငယ်လေးက ဂျွန်မြောင်ရဲ့ဖြူဖျော့နေသောမျက်နှာလေးက ချက်ချင်းပြန်ရဲတွတ်သွားတာကို သတိထားမိလိုက်သည်ထင်၏။ ဟက် ခနဲရယ်သံကိုကြားလိုက်ရပြီးချိန်တွင် လူငယ်လေး၏ရင်ခွင်ထဲသို့ တဖန်ပြန်လည်ကာ သူ ကျရောက်သွားရပြန်၏။

" တော်ပါသေးရဲ့ " လူငယ်လေးရဲ့ရင်ဘတ်ပေါ်မျက်နှာအပ်ထားမိနေသည့် ဂျွန်မြောင်က ရင်ခေါင်းအတွင်းမှလာသည့် စိတ်သက်သာရာရသည့်ပမာ လေသံတိုးတိုးကိုကြားလိုက်ရပါ၏။

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now