선배 -12-

265 32 11
                                    

ဂျွန်မြောင်အတွေးများ ရပ်တန့်သွားရသည်မှာ ရင်းနှီးသောသံစဉ်နှင့် ဖုန်းခေါ်ဆိုမှုဝင်လာခြင်းကြောင့် ဖြစ်ပါ၏။ ဖုန်းသံစဉ်က ကျယ်လောင်စွာ မြည်နေလျက် သူ့အောက်မှလူကို နိုးကြားလာစေခဲ့သည်။ ဂျူနီယာလေးရဲ့မျက်လုံးတွေ ပွင့်လာချိန်တွင် ဂျွန်မြောင်တစ်ယောက် ကုန်းရုန်းထလိုက်တာကြောင့် ကိုယ်ပေါ်ရှိဂျူနီယာ၏ ကုတ်အရှည်က ကြမ်းပေါ် ပြုတ်ကျသွားရလေသည်။

သို့ပေမယ် ဂျွန်မြောင်က သတိမပြုဘဲ ပျာပျာသလဲလဲအနေအထားဖြင့် စားပွဲထောင့်စွန်းရှိ ဖုန်းကိုလှမ်းယူချိန်မှာပဲ ဖုန်းကစားပွဲအောက်သို့ ပြုတ်ကျသွားရပြန်၏။

ဂျူနီယာလေးရဲ့ကိုယ်ပေါ်ကနေ သူ အမြန်ထလိုက်ရတာကြောင့် သူ့ခန္ဓာကိုယ်တဝက်က ကျောက်စားပွဲပေါ်ဝင်လျားမှောက်လျက် သူ့ရဲ့ခြေထောက်တွေကလည်း စားပွဲပေါ် ဒူးထောက်ထားရင်း အနေအထားဖြင့် ကျခါနီးဖုန်းကိုလေထဲမှာပင် ဖမ်းယူနိုင်လိုက်သည်။

ဂျွန်မြောင်မှာ ကျသွားသည့်ဖုန်းကို ပြန်ဆက်သွယ်ဖို့ ကြံစည်တုန်းပင်ရှိသေး၏။ သူ့ စိတ်ကဖုန်းထံတွင်ကျရောက်နေတုန်း ကျယ်လောင်သောရိုက်ချသံနှင့် အတူ သူ့တင်ပါးတွေက ထူပူသွားရသည်။

ဂျွန်မြောင် ထိတ်လန့်စွာအနောက်သို့ လှည့်ကြည့်မိတော့ ဂျူနီယာလေးက ကြမ်းပေါ်မှကုတ်အရှည်ကို လက်မောင်း၌တင်ထားပြီး အပျင်းကြောဆန့်နေတာကို မြင်လိုက်ရသည်။

ဂျွန်မြောင် မျက်လုံးအပြူးသားဖြင့် တဖက်လူကို တအံ့တသြ လှည့်ကြည့်မိနေခဲ့သည်။ ထိုအချိန်မှာ လက်သည်တရားခံကတော့ဖြင့် ဘာမှမထူးခြားသည့်ပမာ သူ့ရဲ့ကုတ်ရှည်ကိုခါထုတ်ပြီး မတ်တပ်ရပ်လာ၏။

" Morning Senpai "

ဆွဲဆောင်မှုရှိသောအသံဖြင့်ပြောလာပြီး သူ့ကိုပြုံးပြပြီး ထထွက်သွားတဲ့ ဂျူနီယာလေးပါပင်။ ထိုနေရာမှာတင် ဂျွန်မြောင်ကတော့ အတောင့်လိုက်ဖြစ်ကျန်ခဲ့ရရှာ၏။

လက်ထဲမှဖုန်းသံကြောင့် ဂျွန်မြောင်စားပွဲပေါ်မှဆင်းရန်သတိရပြီး ဆိုဖာပေါ် ပြန်ထိုင်ချကာ ဖုန်းပြောဖြစ်တော့၏။

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now