선배 -9-

193 32 5
                                    

" ညနေကျရင် ခေါင်မိုးထပ်မှာ ဆုံကြမယ် "

အတန်းရဲ့ငရှုပ်ကောင်ဖြစ်သည့် ဂျောင်မင်ဂျယ်ကို သူ ဘယ်လိုစိတ်နဲ့များ ယုံကြည်ပြီး လာမိမှန်း ဂျွန်မြောင် မသိတော့။ သေချာတာကတော့ ထိုငရှုပ်ကောင်က သူ့ကိုအလျင်စလိုနှင့်အတည်ကြီးပြောသွားပုံ ပေါက်တာကြောင့်လည်း ဖြစ်နိုင်ပါ၏။

" ဘာလဲ မင်း ဘယ်ဂျူနီယာညီမလေးတွေကို လှည့်စားထားပြန်တာလဲ? "

ကန်တင်းမှာနေ့လည်စာထိုင်စားနေရင်း ဂျွန်မြောင် မယုံသင်္ကာဖြစ်စရာကောင်းသော သူငယ်ချင်းဖြစ်သူ ဂျယ်မင်ကို တူဖြင့်သတိပေးသည့်ပမာ ထိုးပြရင်း မေးလိုက်တော့

" ဟာ... မင်းကလည်း ငါလိုတည်ငြိမ်တဲ့ အိုပါးချောချောက ချစ်စရာညီမလေးတွေကို အသည်းခွဲစရာလားလို့ကွာ "

ဂျွန်မြောင် ဘာတခွန်းမှပြန်မပြောဘဲ မျက်ခုံးတဖက်ပင့်ပြလိုက်မှ ဂျယ်မင်တစ်ယောက် ရှိုးထုတ်နေရာမှ ဆန့်တငင်ငင်ဖြစ်သွားရသည်ပင်။

" အဟမ်း... ငါကတကယ် မင်းကိုပြောစရာရှိလို့ပါ ငါမင်းနဲ့နှစ်ယောက်တည်းဆွေးနွေးဖို့လိုတယ်ကွ "

ဂျွန်မြောင်ကတော့ မယုံချင်သေး။ တခါတုန်းကလည်း ကျောင်းဆင်းချိန်အပြန်မှာ အတူတူပြန်ဖို့လုပ်ထားပြီးမှ ဘယ်ကပေါ်လာသည်မသိသော ချစ်ဖို့ကောင်းသော ဂျူနီယာညီမလေးနှင့် ချိန်းတွေ့မိအောင် ထောင်ချောက်ဆင်သွားသည့် သူငယ်ချင်းငရှုပ်ကို ဂျွန်မြောင် အမှတ်ထားထားဖြစ်ခဲ့တာပင်။

ဂျွန်မြောင် ခေါင်းငုံ့ကာ ထမင်းသာဆက်စားနေတာကြောင့် ဂျယ်မင်က စိတ်မတတ်သာစွာ ငြီးငြူးပြလာခဲ့၏။

" ထပ်ပြီး ငါတို့အလယ်တန်းနောက်ဆုံးနှစ်က အကြောင်းပဲလာဦးမလို့လား "

" ငါပြောပြီးပြီလေ ဂျွန်မြောင်-ရား အဲ့တာက ငါ့ဆွေမျိုးထဲက အသိတစ်ယောက်ရဲ့ ညီမက သူ့သူငယ်ချင်းမလေးရဲ့ ညီမအတွက်အကူအညီတောင်းတဲ့ ကိစ္စမို့လို့ပါလို့ ဆိုတာကို... "

ဂျွန်မြောင် တူကို စားပွဲပေါ်အသံမြည်အောင် ရိုက်ချလိုက်မှ ဂျယ်မင်တစ်ယောက် ပါးစပ်အမြန်ပိတ်သွားတော့လေ၏။

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now