အပိုင်း(၁၀)သဝန်တိုတာ ချစ်လို့

53 2 0
                                    

"ကိုကြီး နုနုထည့်ပေးလိုက်တဲ့ကြက်ဥက ချိုင့်ထဲမှာ အကောင်ပေါက်သွားတာလား ဟုတ်လား"

ထမင်းချိုင့်ဆေးဖို့လုပ်စဉ်တွေ့လိုက်ရသည့် ကြက်ရိုးကြောင့် နုနု လာရစ်နေခြင်းဖြစ်သည်။

"ဪအဲ့ဒါ ဆရာမအေးအေးထည့်ပေးတာ သူ့ဟင်း၊ ထမင်းစားချိန် ချိုင့်အားလုံးစုစားကြတော့ သူ့ချိုင့်ကိုယ့်ချိုင့်ခွဲမနေဘူး၊ ဒီလိုဘဲ ယူစား၊ထည့်စားကြတာပဲ နုနုရဲ့"

အောင်နိုင့်အဖြေကြောင့် နုနုမျက်နှာလေး စူပုတ်သွားသည်။

"အဲ့ဒီလို ဆရာမတွေထည့်ပေးတဲ့ဟင်းတွေယူမစားနဲ့၊ ရောရောဝင်ဝင်လည်းမနေနဲ့ နုနုမကြိုက်ဘူး"

"ကလေးကုလားနုနုရယ်၊ တစ်ကျောင်းတည်းအတူတူစာသင်နေကြတာ၊ ရင်းရင်းနှီးနှီးမဆက်ဆံလို့ရမလား"

"အဲ့ဒါတွေနုနုမသိဘူး၊ ကိုကြီးနဲ့နုနုက မနက်နဲ့ညပိုင်းလေးပဲတွေ့ရတာ၊ အဲ့ဆရာမတွေနဲ့က တနေကုန်လည်းတွေ့ရသေး၊ ထမင်းလည်းအတူစားကြ၊ ဟင်းတွေလဲဖလှယ်ကြနဲ့၊ နုနု ကိုကြီးကို စိတ်မချဘူး"

"တော်တော့ နုနု၊ ခုပြောနေရင်းက ကိုကြီးသိက္ခာကို စော်ကားသလို ဖြစ်နေပြီ၊ ကိုကြီးက မိန်းမကိစ္စနဲ့ ပတ်သက်ရင် စိတ်မချရတဲ့သူလို့ နုနုထင်နေသလား"

အောင်နိုင့်လေသံက နည်းနည်းမာလာသည်။
နုနုကလည်း မလျော့ချေ။

"ဘယ်ပြောနိုင်မလဲ၊ နုနုသိတာက ကိုကြီးက နုနုနဲ့မရခင် ရည်းစားတွေအများကြီးထားခဲ့ဖူးတာပဲ နုနုသိတယ်"

"ဒီမှာနုနု၊ အတိတ်ကိုအတိတ်မှာထားခဲ့။ နုနုကို ယူပြီးကတည်းက ကိုကြီး ဘယ်မိန်းမအပေါ်မှာမှ စိတ်နဲ့တောင်မပြစ်မှားခဲ့ဘူး၊ အေး နောင်လည်းပြစ်မှားမှာမဟုတ်ဘူး၊ ကျောင်းကဆရာမတွေ အပေါ်မှာလည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရိုးရိုးသားသားပဲ သဘောထားတယ်"

"ကိုကြီးက ရိုးသားပေမယ့် တဖက်လူကမရိုးသားရင်ရော"

ဘယ်လို ရှင်းပြပြမရသည့် နုနုကို အောင်နိုင် စိတ်ပျက်လက်ပျက်ကြည့်နေမိရင်းက အတွေးတစ်ခုတွေးမိပြီး သူ့မျက်နှာ ပြုံးယောင်သမ်းလာသည်။

နုနုတစ်ယောက်သာNơi câu chuyện tồn tại. Hãy khám phá bây giờ