ညနေကျောင်းဆင်းချိန်ရောက်တော့ နုနုတစ်ယောက်ထုံးစံအတိုင်း အိမ်ပေါက်ဝမှာရပ်ပြီး ကိုကြီးပြန်အလာကိုမျှော်နေစဉ် ကိုကျော်စွာ၏ဆိုက်ကယ်နှင့် ပြန်လာသော ကိုကြီးကြောင့်
"ဟယ် ကိုကြီး ဘယ်လိုဖြစ်လို့ ကိုကျော်စွာ့ဆိုင်ကယ်နဲ့ပြန်လာတာလဲ။ ကိုကြီးဆိုင်ကယ်ရော"
"အွန်း မနက်ကတည်းက ဘရိတ်ကမမိချင်ဘူးဖြစ်နေလို့ ဆိုင်ပို့ထားတယ်၊ မနက်ဖြန်ကျောင်းအဆင်းမှ ဝင်ယူရမှာ၊ ဝင်ပြီကိုကျော်စွာရေ ၊ ကျေးဇူးနော်"
နုနုလည်းကိုကြီးနောက်က လိုက်ဝင်လာရင်းက အိမ်ထဲရောက်တော့ ဧည့်ခန်းဆက်တီစားပွဲပေါ်က ဖိတ်စာလေးနှစ်စောင်ကိုကြည့်လိုက်ပြီး သက်ပြင်းခိုးလေးချမိတယ်။ ဒီလထဲမှာ ရေစက်ပျက်လို့ပြင်တာရယ်၊ အခုဆိုင်ကယ်ပြင်ရမှာရယ်၊ လာဖိတ်ထားတဲ့မင်္ဂလာဆောင်တွေကို လက်ဖွဲ့ရမှာတွေနဲ့ဆိုတော့ ကိုကြီးပေးထားတဲ့လခလေးမှာ ပိုငွေပြဖို့နေနေသာသာ လမကုန်ခင် ရက်နှစ်ဆယ် စွန်းစွန်းထဲက လိုငွေပြချင်နေပြီ။
ထိုညက ကိုကြီးကအပူပင်ကင်းစွာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီ ဖြစ်သော်လည်း နုနုတစ်ယောက်မှာတော့ လကုန်အထိ ဘယ်လိုတောင့်ခံထားရမလဲ တွေးရင်း အိပ်မပျော်နိုင်ဖြစ်နေရသည်။
နောက်တနေ့ မနက်လင်းတော့ နုနု ကိုကြီးအင်္ကျီအိတ်ကပ်ထဲ ခါတိုင်းထည့်ပေးနေကြအပြင် ဆိုင်ကယ်ပြင်ခပါပိုထည့်ပေးလိုက်သည်။
"နုနုမျက်နှာ မကောင်းပါလား။ နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ။"
"ဘာမှမဖြစ်ပါဘူး၊ ညကအိပ်မပျော်လို့၊ နည်းနည်း ခေါင်းမကြည်မလင်ဖြစ်နေတာပါကိုကြီးရဲ့"
နုနု ကိုကြီးစိတ်ဖြောင့်ဖြောင့်နှင့် ကျောင်းသွားစေရန် ရင်ထဲအပူတွေကိုဖုံးထားရင် ဟန်လုပ်ပြုံး၍ တံခါးဝသို့ လိုက်ပို့လိုက်သည်။
အမှန်က ဒီလအသုံးစရိတ်က မမျှော်လင့်ထားတဲ့ ကုန်ပေါက်တွေများသွားလို့ လမကုန်ခင် ပိုက်ဆံပျက်သွားတာဖြစ်သည်။ ကိုကြီးကိုပြောပြလိုက်လျှင်တော့ တစ်ခုခုစီစဉ်ပေးမှာ မလွဲပေ။ ကိုကြီးက တစ်ခြားဆရာဆရာမတွေလို ကျူရှင်မသင်သည့်အတွက်၊ လခအပြင် အပိုဝင်ငွေမရှိချေ။ နုနုငွေထပ်တောင်းလျှင် ကိုကြီးမှာ သူများဆီကချေးငှားပေးရတော့မည်။ သူများဆီက မချေးချင်လျှင် မမကြိုင်၏ အကူအညီကိုယူရမှာသေချာသလောက်ပင်။ အမေနဲ့အစ်မကို ပြန်မထောက်နိုင်လို့တောင် စိတ်မချမ်းသာသည့် ကိုကြီးက အစ်မထံမှ အကူအညီကိုပြန်တောင်းရမည်ဆိုလျှင်.........
ESTÁS LEYENDO
နုနုတစ်ယောက်သာ
Romance"ဘာလို့လဲ၊ နုနုကိုဘာလို့လက်ထပ်ချင်တာလဲ" မေးလာသည့် နုနု၏မျက်ဝန်းများက သိလိုသောအရောင်များ တဖျက်ဖျက်လက်နေသည်။ "နုနုမို့လို့၊ နုနုဖြစ်နေလို့" ထိုတိုတောင်းသော အဖြေလေးက အောင်နိုင့်ကို အမှတ်ပြည့်ရစေခဲ့သည်။