အပိုင်း(၁၅)ကိုဖိုးကောက်

52 3 0
                                    

ဒီလိုနဲ့ နုနုနဲ့ကိုကြီး ကမ္ဘာလေးက အရင်အတိုင်းသာသာယာယာနဲ့ လည်ပတ်ခဲ့ပါတယ်။ တစ်ခုရှိတာက မမကြိုင်ဆီကို လိုအပ်ရင် နုနုသွားကူပေးရတာလေး တစ်ခုတော့တိုးလာတာပေါ့။ အခုလည်း မမကြိုင်က စနေနေ့ သွားစရာအလုပ်ကိစ္စရှိလို့ လိုက်ခဲ့ခိုင်းတာမို့ ကိုကြီး၏မျက်နှာက မဲမှောင်နေပြီဖြစ်သည်။

ပါတိတ်အနီရောင် ဝမ်းဆက်လေးဝတ်၍ သနပ်ခါးအဖွေးသားနှင့်လှပတက်ကြွနေသော နုနုကိုကြည့်ပြီး အောင်နိုင် စိတ်အလိုမကျ ဖြစ်နေရသည်။ ‌မမကြိုင်ခေါ်လည်း မလာနိုင်ဘူးပြောလိုက်ရောပေါ့၊

တကယ်တည်း ကိုယ့်ယောင်္ကျားကျောင်းပိတ်ရက်လေး လင်မယားနှစ်ယောက်ထဲ ချစ်ကြည်နူးရမလား အောက်မေ့တယ်၊ သူကလေးကတော့ မမကြိုင်နဲ့သွားဖို့ တက်ကြွနေလိုက်တာများ မပြောချင်ဘူး။

နုနု စူပုတ်နေသော ကိုကြီး လက်မောင်းကိုဖက်တွယ်လိုက်၍ လက်မောင်းတွင်မျက်နှာကပ်ခါ ကြောင်‌ကလေးလို ပွတ်တိုက်တိုးဝှေ့လိုက်ပြီး ချွဲနွဲ့သောအသံဖြင့်

"ကိုကြီးးးးကိုကြီးးးလို့ နုနုခေါ်နေတယ်လေ ကြည့်ပါအုန်းဆို"

အောင်နိုင် တစ်ချက်ငုံ့ကြည့်ပြီး ချက်ချင်းမျက်နှာ ပြန်မော့လိုက်သည်။

"နုနုလည်း ဘယ်သွားချင်ပါ့မလဲ။ ပိတ်ရက်ဆို ယောင်္ကျားနားပဲ ကပ်ချင်တာပေါ့လို့၊ ဒါပေမယ့် မမကြိုင်ကလည်း တကယ်လိုလို့ခေါ်တာလေ၊ ငြင်းလို့ ဘယ်ကောင်းမလဲ။ နောက်အပတ်ဆို မခေါ်တော့ဘူးပြောပါတယ် ကိုကြီးရဲ့၊ ကိုကြီးက မျက်နှာကြီးအဲ့လို စူပုတ်နေတော့၊ နုနုက ဘယ်လိုလုပ်သွားရတာ စိတ်ဖြောင့်မလဲလို့၊ လုပ်ပါ ရီပြပါ၊ မသွားခင်လေး နုနုကိုရီပြပါဆို"

နုနုဒီလောက် ခခယယချော့နေတာတောင်၊ အမေတူ တနင်္ဂနွေသား၏ စိတ်ကောက်ချက်က လက်လန်သည်။ တစက်မှမပြုံးသော မျက်နှာဖြင့်

"နောက်ဆုံးတော့၊ ကိုကြီးကိုထားခဲ့ပြီး မမကြိုင်ဆီသွားမှာပဲ မဟုတ်လား။ ကဲ သွားမှာဖြင့်လည်း လာ လိုက်ပို့မယ်၊ တော်ကြာနေမြင့်ရင် ပူနေအုန်းမယ်"

နုနုကိုတစ်လမ်းလုံးလည်း စကားမပြော အမေတို့အိမ်ရောက်တော့လည်း ရုပ်ကမပြင်ဘဲ နုနုကိုချပေးပြီးတန်းပြန်သွားသဖြင့်

နုနုတစ်ယောက်သာOnde histórias criam vida. Descubra agora