အပိုင်း(၁၃)ဒေါ်အေးရီနှင့်အပေးအယူ

47 2 0
                                    

"ကိုကြီး ဟိုအိမ်ရောက်ရင်၊ အမေနဲ့မမကြိုင်ကို ကြီးကြီးခင်
ကိုကြီးကိုခေါ်ပြောတဲ့ကိစ္စပြန်မပြောနဲ့နော်" နုနု မရဲတရဲလေး ပြောနေမိသည်။

တိုက်တိုက်ဆိုင်ဆိုင် နုနုတို့ပြဿနာဖြစ်ပြီးနောက်ရက်က တနင်္ဂနွေနေ့ဖြစ်နေသဖြင့် အမေ့အိမ်ကို မဖြစ်မနေသွားရမည်ဖြစ်သည်။ ကြီးကြီးခင်က နုနုအတွက်ကိုကြီးကိုခေါ်ပြောတာ အမေတို့သိလျှင် အချင်းချင်းစိတ်ကွက်ကာ မခေါ်မပြောဖြစ်ကြမည်ကို နုနုစိတ်ပူ၍ ကိုကြီးကို မပြောရန် နှုတ်ပိတ်နေခြင်းဖြစ်သည်။

"မပြောပါဘူးကွာ၊ ပြန်ပြောလို့ကောင်းတဲ့ကိစ္စလည်းမဟုတ်ဘူး၊ နုနုသာ လွှတ်ခနဲမပြောမိစေနဲ့၊ အမေကလူကဲခတ်သိပ်တော်တာ ကြားလား"
ဤသို့ဖြင့် လင်မယားနှစ်ယောက် လက်ဝါးချင်းရိုက်၍ အမေ့အိမ်ရောက်လာကြသည်။

ဒေါ်အေးရီ အိမ်ထဲဝင်လာသော သားလင်မယားကိုကြည့်၍ သက်ပြင်းခပ်ပြင်းပြင်းချလိုက်သည်။ နုနုမျက်လုံးများကလည်း မျက်ခွံများအစ်နေသလို၊ အောင်နိုင့်လက်တစ်ဖက်ကလည်း လက်ဆစ်များမှာပွန်းပဲ့၍ အတန်ငယ်ရောင်နေသည်။

"ဟဲ့ အောင်နိုင် နင့်လက်ကဘာဖြစ်တာလဲ။ မဟုတ်မှ နင် ခင်ခင့်မကျေနပ်လို့ နုနုကို လက်ပါထားတာလား"

ဒေါ်အေးရီစကားကြောင့် အောင်နိုင်နဲ့နုနုမျက်လုံးပြူးသွားကာ တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်မိသည်။ အခုမှ အိမ်ထဲဝင်ရုံရှိသေး အမေက ကြီးကြီးခင်နဲ့ကိစ္စသိနေပြီဖြစ်သောကြောင့်

"လက်ပါစရာလားအမေရာ။ ဒါနဲ့အမေက ဘယ်လိုသိတာတုန်း"

"ဟဲ့ ‌ခင်ခင်ကိုယ်တိုင်လာပြောတာ။ ငါနဲ့မိကြိုင်ကတော့ ရွှေဆွဲကြိုးတွေ တစ်ကုံးပြီးတစ်ကုံးတိုးဆွဲချိန်၊ သူ့တူမကတော့ တဆစ်ချင်းတိုသွားတာကောင်းလားတဲ့"

နုနု ကြွက်တွင်းထဲသာ ဝင်နေလိုက်ချင်တော့သည်။ ကြီးကြီးခင်တို့ မွှေချက်ကတော့ နိုင်းပလက်စ်ပဲ။

"အဲ့တော့ အမေဘာပြန်ပြောလိုက်လဲ"

"ဘာပြန်ပြောရမတုန်း၊ သူပြောတာမှန်နေမှတော့ ငြိမ်ခံရတာပေါ့ ငအောင်ရဲ့။ အဲ့တာ မင်းပြောစကားနားမထောင်လို့ ဖြစ်ရတာ၊ ငါနဲ့မင့်အစ်မ ဒီလောက်ယူပါဆိုပြီး ပေးနေတာကို မာနမင်းသားလုပ်နေတယ်။ ခုတော့ သူများပြောခံရတာ ဘယ့်နှယ့်ရှိစ တော်တော်မှ ခံလို့ကောင်းရဲ့လား"

နုနုတစ်ယောက်သာDonde viven las historias. Descúbrelo ahora