ခြံဝမှာဆိုင်ကယ်ရပ်သံကြား၍ နုနု အပြေးကလေးထွက် ကြည့်လိုက်တော့၊ အသားညိုညို၊ အရပ်ထောင်ထောင် မောင်းမောင်း၊ အင်္ကျီအဖြူလည်ကတုံးနဲ့ ကချင်ပုဆိုးကွက်စိပ်လေးကို သေသပ်စွာ ဝတ်ဆင်ထားသော လူစိမ်းတစ်ယောက် ဝင်လာသည်။
"ဘယ်သူလဲမသိဘူး"
"ဟို ကြီးကြီးခင်ရှိလား ညီမ"
"ဟုတ်ဟုတ် အထဲဝင်ပါအုန်းရှင့်....ကြီးကြီးခင်ရေ ဧည့်သည်လာတယ်"
"ကိုအောင် တောင်ရောက်လာပြီလား၊ ကြည့်စမ်း ငါ့တူက မတွေ့တာကြာတော့ ပိုချောလာတယ်။ နုနုလာထိုင်အုန်း၊ ဒါကြီးကြီးခင်ပြောတဲ့ ကိုအောင်လေ၊ အန်တီအေးရီ သားအငယ်ပေါ့။
ဒီကတော့ နုနုယဉ်တဲ့ ကြီးကြီးခင်တူမလေးပဲ၊ အတူလာနေတာတော့မကြာသေးဘူး။ အောင်လေးက ပိတ်ရက်တွေပဲ အိမ်ပြန်လာလို့ နုနုနဲ့မတွေ့ဖြစ်ကြတာနေမယ်။"အောင်နိုင် မိမိရှေ့မှာထိုင်နေသော ဖြူဖြူချောချောမိန်းကလေးကို နှုတ်ဆက်ပြုံးပြုံးပြလိုက်ရင်း အိတ်ထဲက စာအိတ်ထုပ်လေးကို ကြီးကြီးခင်ဆီပေးလိုက်သည်။
"ကြီးကြီးခင် ဒါအမေပေးခိုင်းလိုက်တဲ့ ပဲဖိုးငွေ၊ စစ်ကြည့်လိုက်ပါအုန်းခင်ဗျ"
"ပြည့်တယ် သား"
"ဟုတ် ဒါဆို ကျွန်တော့်ပြန်ခွင့်ပြုပါအုန်း၊ ဒီကညီမလည်း ပြန်လိုက်ပါအုန်းမယ်""အေးကွယ်၊ နောက်တော့အေးဆေးလာလည်၊ ထမင်းပါဒီမှာစား ဟုတ်လား"
ခြံထဲက ပြန်အထွက် အိမ်ပေါက်ဝကရပ်၍ နှုတ်ဆက်နေသေးသော တူရီးကို အောင်နိုင် တစ်ချက်ပြုံးပြကာ အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်လာသော အောင်နိုင့်ကို ဒေါ်အေးရီနှင့် ကြိုင်ကြိုင် လက်ဖမ်းဆွဲကာ အင်တာဗျူးတော့သည်။
"အောင်လေး၊ ဘယ်လိုလဲ၊ နုနုကိုတွေ့ခဲ့တယ်မှတ်လား၊ ဘယ်လိုသဘောရလဲ" အစ်မဖြစ်သူကြိုင်ကြိုင်၏ အမေးကို မဖြေရသေးခင်မှာပင် မိခင်ဒေါ်အေးရီက
"မမခင် တူမလေးက သွက်သွက်လက်လက်နဲ့ ချစ်စရာလေးသားရဲ့၊ မမခင်ကလည်း သူ့တူမလေးကို မတော်တရော်တွေနဲ့ဖြစ်သွားမှာစိုးနေတာ၊ အဲ့ဒါ ငါ့သားနဲ့အဆင်ပြေရင် မင်းတို့နှစ်ယောက်ကို အိမ်ထောင်ချပေးမလို့"
ŞİMDİ OKUDUĞUN
နုနုတစ်ယောက်သာ
Romantizm"ဘာလို့လဲ၊ နုနုကိုဘာလို့လက်ထပ်ချင်တာလဲ" မေးလာသည့် နုနု၏မျက်ဝန်းများက သိလိုသောအရောင်များ တဖျက်ဖျက်လက်နေသည်။ "နုနုမို့လို့၊ နုနုဖြစ်နေလို့" ထိုတိုတောင်းသော အဖြေလေးက အောင်နိုင့်ကို အမှတ်ပြည့်ရစေခဲ့သည်။