အပိုင်း(၁၂)စေတနာကဝေဒနာဖြစ်

43 2 0
                                    

"နုနု နုနုယဉ်"

ကိုကြီး၏ ခေါ်သံကြောင့် အိမ်ရှေ့သို့ထွက်ခဲ့ရင်းက ရင်ထဲထိတ်သွားသည်။ အိမ်ထောင်သက် ၆လအတွင်း တစ်ခါမှ နာမည်အပြည့်အစုံတပ် အခေါ်မခံရဖူးပေ။

နုနုထွက်လာတော့ ကိုကြီးက နုနုရင်ညွန့်ရှိဆွဲကြိုးကို ခပ်စူးစူးတစ်ချက်ကြည့်ပြီး နုနုမျက်နှာကိုပြန်ကြည့်သည်။

ကိုကြီး၏မျက်နှာပေါ်တွင် နုနုအရင်ကမမြင်ဖူးသော ခံပြင်းသည့်ဟန်နှင့် ဒေါသရိပ်ငွေ့ငွေ့တွေ့နေရသည်။

"နုနုနဲ့ ကိုကြီးဘာတော်လဲ။ ကိုကြီးက နုနုရဲ့ဘာလဲ"

"လင် လင်မယားပါ။ နုနုယောင်္ကျားပါ"

"အေးလင်မယားဆိုရင်၊ နုနုဆွဲကြိုးတိုသွားတာ ကြီးကြီးခင်ပြောမှ သိရတယ်ဆိုတာ ဖြစ်သင့်လား နုနု"

နုနု ကြီးကြီးခင်မျက်နှာကို ပြေးမြင်လိုက်သည်။ တနေ့က အိမ်လည်လာရင်း နုနုဆွဲကြိုးကို သတိထားမိသွားခါ စစ်ဆေးရေးဝင်သွားသည်။ ကြီးကြီးခင်၏ မျက်လုံးများက ဒီလိုနေရာမျိုးဆို လိုအပ်တာထက် ပိုကောင်းနေခဲ့သည်။ ခုတော့ နုနုဆွဲကြိုး တစ်ဆစ်ဖြုတ်ရောင်းတဲ့ကိစ္စ ကိုကြီးသိသွားပြီဖြစ်သည်။

စေတနာနဲ့ လုပ်လိုက်မိတာကို ခုလိုဒေါသတကြီးနဲ့ပြောဆိုနေတာကြောင့် နုနုဝမ်းနည်းပြီး မျက်ဝန်းမှ မျက်ရည်များစီးကျလာတော့သည်။

အောင်နိုင် ဘာမှပြန်မပြောဘဲ၊ အသံတိတ်ငိုနေသောနုနုကိုကြည့်၍ စိတ်ပျက်သောအသံဖြင့်

"ငိုမနေနဲ့နုနု၊ နုနုခါတိုင်းဆို စကားတွေအရမ်းပြောတတ်တယ်မဟုတ်လား။ အခုလို ကိုကြီးပေးတဲ့ အိမ်စရိတ်မလောက်တာကြတော့ မပြောတော့ပါလား နုနုရယ်"

"........."

"ဟုတ်တယ် နုနုမမှားဘူး၊ ကိုကြီးမှားတာ။ ယူထားတဲ့ မိန်းမက အိမ်စရိတ်မလောက်ငှတာကို ဖွင့်မပြောရဲတဲ့အထိ အသုံးမကျတဲ့ ကိုကြီးမှားတာ။

ကိုကြီးအပေါ်မှာသာ အားကိုးတဲ့စိတ်၊ ယုံကြည်တဲ့စိတ်ရှိရင် နုနုပြောမှာပေါ့။ ခုတော့ ကိုကြီးက ရွှေထပ်မဆင်တဲ့အပြင်၊ မိဘဆင်ပေးလိုက်တဲ့ ဆွဲကြိုးလေးဖြတ်ရောင်းပြီးကျွေးနေတာတောင်မသိဘဲ ထိုင်စားနေတဲ့ အသုံးမကျတဲ့ ယောင်္ကျားဖြစ်သွားပြီ နုနုရဲ့"

နုနုတစ်ယောက်သာWhere stories live. Discover now