အပိုင်း(၁၆)အလီမေးမယ်

48 2 0
                                    

ဟင်းချက်နေသည့် နုနုအနားမယောင်မလည်နှင့်‌ အနားကပ်ခါ ပါးလေးကို ဖိနမ်းလိုက်ပြီး ခါးကိုလာကလိထိုးသဖြင့် ကိုကြီးလက်ကို ခပ်နာနာလေးရိုက်ခါ ပုတ်ထုတ်လိုက်သည်။

"နုနုကလည်း၊ ကိုကြီးကချစ်လို့စတာကို "

သူ့လက်သူပွတ်ရင်း နုနုကို မကျေမချမ်းပြန်ပြောသည့် ကိုကြီးကို

နုနုမျက်စောင်းလေးခဲလိုက်ရင်းက လက်ထဲကထောင်းလက်စ ငရုတ်ဆုံကို ကိုကြီးဆီတိုးပေးလိုက်သည်။

"ရော့ ငရုတ်သီး ကူထောင်းပေး"

အောင်နိုင် ငရုတ်သီးကူထောင်းရင်းက နုနုကို စချင်သေးသဖြင့်

"အမေရေ့၊ အမေပေးစားတဲ့ ချွေးမတော့ သရုပ်မှန်တွေပေါ်လာပြီ၊ အစကတော့ နုနုတစ်ယောက်တည်းလုပ်မယ်ဆိုပြီး မီးဖိုချောင်တောင်အဝင်မခံဘူး၊ ခုများတော့ ယောင်္ကျားကို ငရုတ်သီးပါထောင်းခိုင်းနေပြီ အမေရဲ့၊ သားအဖြစ်ကို လာကြည့်လှည့်ပါအုန်း"

ငရုတ်သီးထောင်းရင်းက မဟုတ်ကဟုတ်ကတွေအော်နေသော ကိုကြီးကို နုနု မျက်မှောင်ကျုံ့ကြည့်လိုက်၏။

"ကိုကြီး မကူလည်းသွားတော့၊ ခုလို နုနုကိုလိုက်စနေမယ်ဆိုရင် အလုပ်မတွင်ဘူး။ သူ့တပည့်တွေကိုကျွေးဖို့ ချက်ပေးပါဆိုလို့လည်း ချက်ပေးနေရသေးတယ်။ မကူတဲ့အပြင် လူကို လိုက်နှောက်ယှက်နေတယ်။ သွား ရေသွားချိုးတော့ တော်ကြာ ကလေးတွေလာရင် ဆရာက ညစ်ပတ်အိုးဖြစ်နေမယ်"

အောင်နိုင့်အတန်းကကျောင်းသား နှစ်ယောက် မြို့နယ်သင်္ချာထူးချွန်စာမေးပွဲသွား‌ဖြေရမည် ဖြစ်သည်။ ထို့ကြောင့် ဒီပိတ်ရက် ကလေးတွေကို သင်္ချာဥာဏ်စမ်းပုစ္ဆာတွေ လေ့ကျင့်ပေးဖို့ အိမ်ခေါ်ထားသည်။

"ဆရာရေ၊ ‌ဆရာ" အိမ်ရှေ့က ခေါ်သံကြောင့်နုနု ဟင်းအိုးမီးခလုတ်ပိတ်လိုက်ခါ အပြေးကလေး တံခါးဖွင့်လိုက်တော့

သနပ်ခါးတွေခြေဆုံးခေါင်းဆုံးလူး၍ ခေါင်းတွင်လည်း အုန်းဆီများရွှဲနစ်နေသောဝဝတုတ်တုတ်ကောင်ကလေးရယ်၊ ဆံပင်ဂုတ်ဝဲလေးနှင့် ကော်ပတ်ရုပ်လေးလို ချစ်ဖို့ကောင်းသော ကလေးမလေး တစ်ယောက်ရယ်၊ သူတို့အမေတွေဖြစ်ဟန်တူသည့် နုနုထက်အသက်ကြီးပုံပေါ်သော အမျိုးသမီးနှစ်ယောက်ရယ်ကို တွေ့လိုက်ရသည်။

နုနုတစ်ယောက်သာDove le storie prendono vita. Scoprilo ora