အပိုင်း (၁)

76 2 3
                                    

အပိုင်း (၁)

"ဟိုကလေးတွေ ဒီလောက် မည်းမှောင်‌နေတာကို ... ပင်လယ်ဘက်မသွားနဲ့လေ... အိမ်ပြန်ကြစမ်း..."

ခပ်နွမ်းနွမ်း အဖိုးအို၏ လှမ်းအော် သတိပေးလိုက်သော စကားကြောင့် လေထန်ထန်ကို အံတုပြီး ဆော့ကစားနေတဲ့ ကလေးတစ်သိုက်က ကမ်းစပ်ကို စွန့်ခွာ ပင်လယ်ကို ကျောခိုင်းပြီး အပြေးအလွှား ထွက်သွားကြတယ်။

လူသူ‌‌ကင်းမဲ့စွာ ကျန်ခဲ့သော ပင်လယ်ဟာ အထီးကျန်စွာ။ ‌မှောင်မိုက်စ,ပြုနေတဲ့ ပင်လယ်ဟာ တစ်ချိန်က ပြာခဲ့ဖူးတယ်။

ပြာလွင်တဲ့အခါ ပင်လယ်ကို လူတွေက သဘောကျတယ်။ ပြာလွင်တဲ့ ပင်လယ်မှာ လူ‌တွေဟာ စည်ကားတယ်။ နောက်ပြီး ပင်လယ်ဟာ လူတွေရဲ့ အလိုကိုလည်း လိုက်ရတယ်။

ပင်လယ်ဟာ ပြာလွင်ကြည်သာနေတဲ့အခါ ခန္ဓာကိုယ်ထဲ တိုးဝင်တတ်ကြတဲ့ လူ‌တွေက ပင်လယ်ရဲ့အသဲအူနုတွေကို ဆွဲထုတ်စားသောက်ကြတယ်။

တချို့‌တွေက ကူးသန်းသွားလာဖို့အတွက် ပင်လယ်ကို တန်ချိန်‌ ပေါင်းများစွာ ထမ်းပိုးသယ်ဆောင်ခိုင်းတယ်။

တချို့ကတော့ ပင်လယ်ကို မဟာ‌ဧရာမအမှိုက်ပုံးကြီးတစ်ပုံးလို သဘောထားတတ်ကြသေးတယ်။

တစ်ခါတလေတော့ ကျွန်တော် တွေးမိတယ်။

ပင်လယ်သာ နာကျင်တတ်ရင်။

ပင်လယ်သာ ခံပြင်းတတ်ရင်။

ပင်လယ်သာ ငိုကြွေးမြည်တမ်းတတ်ရင်။

"ရက်စက်လိုက်ကြတဲ့ မိစ္ဆာတွေ" လို့ အော်ဟစ်‌မြည်တမ်းရင်း ငိုကြွေးလိမ့်မလား။

အခုလည်း ပင်လယ်ဟာ မခံမရပ်နိုင်လွန်းအားကြီးလို့ ငိုကြွေးဖို့ တာဆူနေတာ ဖြစ်လိမ့်မယ်။

ဒါမဟုတ် ဒေါသပုန်ထနေခြင်းလည်း ဖြစ်နိုင်ပါတယ်။

#_#_#_#

"ကောင်လေး... ရာသီဥတုက မကောင်းဘူးလေ... ဘာရပ်လုပ်နေတာလဲကွ..."

ကလေးတစ်သိုက်ကို အိမ်ပြန်ဖို့ အော်ဟစ်သတိပေးပြီးတဲ့ အဖိုးအိုရဲ့ ‌နောက်ထပ် ပြစ်မှတ်က ကျွန်တော် ဖြစ်မယ်။

ဒီမန်း - Demon came From Nowhere [ Completed ]Where stories live. Discover now