အပိုင်း (၁၀)

21 2 5
                                    

အပိုင်း (၁၀)

"မလုပ်နဲ့..."

ခွမ်း...။

ဒီကောင် ကျွန်တော့်စတိုခန်းရဲ့ ပြုတင်းတံခါးမှန်ကို ခွဲလိုက်ပြန်တယ်။

အိမ်ဆိုတဲ့အရာကို တံခါးမကြီးက ဝင်ရမှန်း နားမလည်တဲ့‌ ဒီကောင်က သူတစ်ခါဝင်ဖူးတဲ့ အပေါက်ကိုသာ အသေမှတ်ထားတယ်။

"လုပ်ပြန်ပြီကွာ... ငါပြင်ထားတာကွ..."

ကျွန်တော် စိတ်ပျက်လက်ပျက် ငြီးတွားလိုက်တယ်။

ထိုအခါ ဒီကောင်က ထုံးစံအတိုင်း ငေးကြည့်နေပြန်တာပဲ။

"အိမ်ဆိုတာ ဝင်ရတဲ့ တံခါးပေါက် ရှိတယ်ကွ... ဒါ ဝင်ရတဲ့ အပေါက်မဟုတ်ဘူး... ပြုတင်းပေါက်ကွ... ပြုတင်းပေါက်..."

ကျွန်တော် ‌စိတ်မရှည်စွာ ရှင်းပြလိုက်ပေမဲ့လည်း ဒီကောင့်က အေးစက်စက်ပဲ။ ‌ဆက်ပြောနေလည်း အာပေါက်ရုံသာ ရှိတော့မှာမို့ ကျွန်တော် သက်ပြင်းချလိုက်တယ်။

ပတ်ဝန်းကျင်က မကြာခင် လင်းလာတော့မယ်။ ဒါကြောင့်။

"ပြန်ဝောာ့... မင်းကို လူတွေ တွေ့လိမ့်မယ်..."

ထိုသို့ ကျွန်တော် ပြောလိုက်ပေမဲ့ ဒီကောင်က မှန်မရှိတော့တဲ့ ပြုတင်းပေါက်ကနေ ရွှတ်ခနဲ ဝင်သွားတော့တာပဲ။

ကျွန်တော် ထပ်ပြီး သက်ပြင်းချလိုက်မိတယ်။ ထို့နောက်တော့ အိမ်ထဲ ဝင်ဖို့ တံခါးမကြီး ရှိရာဘက်ကိုသာ လျှောက်လာတယ်။

"ဟ...."

ဒီကောင်က ဧည့်ခန်းဘက်က မှန်အသစ် လဲထားတဲ့ ပြုတင်းတံခါးကိုလည်း ခွဲထားတယ်။ ဘယ်တုန်းက ခွဲလိုက်တာလဲ။

ဖြစ်နိုင်တာကတော့ သူ ကျွန်တော့်ကို လာခေါ်တုန်းက ဖြစ်မယ်။

ထပ်ပြင်ရမဲ့ တံခါးတွေကို တွေးရင် စိတ်ပျက်လက်ပျက် တံခါးလက်ကိုင်ကို လှည့်မိတော့ တံခါးက လျော့ကျနေတယ်။

ဟုတ်သားပဲ။ ကျွန်တော် အိမ်တံခါး လော့ချပြီး။နေနေခဲ့တာ လေးငါးရက် ရှ်ိပြီပဲ။

အထဲက ချခဲ့တဲ့ လော့မို့ နောက်ဆုံးတော့ ကျွန်တော်လည်း ဒီကောင့်နည်းတူ ပြုတင်းပေါက် တိုးဝင်ရတော့မယ်။

ဒီမန်း - Demon came From Nowhere [ Completed ]Where stories live. Discover now