အပိုင်း (၂)
"ဟင်း..."
အက်ကြောင်းရာထင်သွားသော မှန်တံခါးကို ကြည့်ရင်း ကျွန်တော် ပင့်သက်ရှိုက်လိုက်တယ်။
ဆေးသုတ် အလှဆင်ထားတာ မကြာသေးသော တံခါးက ထပ်မံပြင်ဆင်ရတော့မယ်။
ဘယ်လောက်များများ ထိခိုက်သွားသလဲ သိရဖို့ ကျွန်တော် မှန်တံခါးနားထိ သွားကာ အနီးကပ်ကြည့်မိတော့ အက်ကြောင်းဟာ ထင်ရှားလွန်းတယ်။
"ဝုန်းခနဲ" ထုရိုက်သံနဲ့။
"ခွမ်းခနဲ" ကွဲထွက်သွားတဲ့ မှန်ကွဲစတွေ။
ရုတ်တရက် ထိတ်လန့်သွားခဲ့သော ကျွန်တော်ဟာ ကြမ်းပြင်မှာ ဖင်ထိုင်လျက်။
အသည်းပြုတ်ကျမတတ် ထိတ်လန့်သွားခဲ့ရအောင် တံခါးကို ရိုက်ခတ်လာခဲ့တဲ့အရာဟာ ဘယ်လိုအရာလဲ။
ပခုံးနှစ်ခုကြား ခေါင်းထွက်ပြီး ဆံပင်ရှည်ဖားလျားနဲ့လို့ ထင်ရတဲ့ အရိပ်မဲဟာ မှန်မဲ့နေသော ပြုတင်းတံခါးမှာ ရပ်နေတယ်။
ထို့အပြင် လေပြင်းဟာ ပြုတင်းတံခါးမှ တစ်ဆင့်ဝင်ရောက်ကာ အိမ်ခန်းအတွင်း မွှေနှောက်တယ်။ ကျွန်တော်သည် ထိုလူ့အား သတိလက်လွတ် ငေးကြည့်နေရင်းမှ သတိဝင်လာမိတယ်။
ညအချိန်မတော် လူတစ်ယောက်က ကျွန်တော့်အိမ်ကို ကျူးကျော်ဖို့ ကြိုးစားနေတယ်။
"မင်းက ဘယ်သူလဲ..."
ရည်ရွယ်ချက် မသိရတဲ့ ထိုလူကို ကြောက်မိသော်လည်း အားတင်းကာ အော်မေးလိုက်တယ်။ ထိုအခါ လှစ်ခန ပျောက်သွားတဲ့ ထိုလူဟာ မြန်လွန်းတယ်။
ထိုလူရဲ့ ပျောက်သွားပုံက အလှမွေးငါးကန်ထဲက ငါးတစ်ကောင်အား မှန်ကို ထောက်ပြီး တို့ထိ ခြောက်လှန့်လိုက်လို့ အလျင်အမြန်ထွက်ပြေးသွားသလိုမျိုး။
သို့သော်လည်း ထိတ်လန့်သွားခဲ့ရသောကြောင့် ဒူးမခိုင်ဖြစ်နေသေးသော ကျွန်တော်က ပြုတင်းပေါက်နားသွားကာ စစ်ဆေးကြည့်ဖို့ကိုပဲ တွန့်ဆုတ်နေတယ်။
ယခုတော့ မှန်မရှိသော ပြုတင်းပေါက်မှ လေနှင့်အတူ ပါလာသော အမှိုက် အစအနာများက အိမ်ရဲ့ ဧည့်ခန်းအတွင်းသို့ စိတ်ကြိုက် ဝင်ရောက်နေကြတယ်။
YOU ARE READING
ဒီမန်း - Demon came From Nowhere [ Completed ]
Fantasyဒီမန်းကြီးတွေ ငိုတဲ့အခါ ပင်လယ်ဟာ ငိုတယ်... ❗Violence, Rude Words, Sexual assault, Death, Self-harm, Eating disorders, Suicide စတဲ့ အကြောင်းအရာတွေ ပါဝင်လို့ အသက်မပြည့်သူများနဲ့ မကြိုက်နှစ်သက်သူများ ဖတ်ရှူရန် မသင့်တော်ပါ❗ ဇာတ်လမ်းပါအကြောင်းအရာများသည်...